ယခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိကျရောက်မည့် မြန်မာ့ရိုးရာ နှစ်
သစ်ကူးမဟာသင်္ကြန် ပွဲတော်အတွက် အသုံးပြုရန် တရုတ်နိုင်ငံ မှ ရေပြွတ်၊ မျက်နှာဖုံးနှင့် ဆံပင်တုများမှာ ကချင်ပြည် နယ် မြစ်ကြီးနား ဈေးကွက် အတွင်းသို့ ယခု လဆန်းမှစ၍ ဝင်ရောက် လာသည်။
ကလေး ကစားစရာ ရေပြွတ်များတွင် ပလတ်စတစ်၊ စတီး စသည်ဖြင့် အမျိုးမျိုးရှိပြီး အနည်းဆုံး ငွေကျပ် ၅ဝဝ မှ ငွေကျပ် ၆၅ဝဝ အထိ ရောင်းချလျက် ရှိသည်။ မျက်နှာ ဖုံးနှင့် ခေါင်းစွပ် အမျိုးမျိုး၊ ကော်၊ ဂျုံ တို့ဖြင့် ပြုလုပ်ထားသည့် ဆံပင်တု အမျိုးမျိုးတို့မှာလည်း ကလေးငယ် များအား နှစ်သက်ဖွယ် ဖြစ်အောင် စွဲဆောင်မှုရှိ၍ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချမှု များကြောင့် ရောင်းအား ကောင်းလျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:
Post a Comment