Sunday, April 7, 2013

ကြက်ဥကြော်ရာက မီးလောင်မှုဖြစ်

၆-၄-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့ကင်းသာ ကျေးရွာအုပ်စု၊ တဲကူးရွာနေ ဦးစိုးသိန်း(၄၃)နှစ်၏ နေအိမ်မီးဖိုချောင်တွင် ကြက်ဥကြော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်တဲ ၂၁ လုံး၊ (၃)ပင်/(၄)ပင် သွပ်မိုး၊ အုတ်နံရံကပ် ၁ လုံး၊ စုစုပေါင်းနေအိမ်(၂၂)လုံး အား လောင်ကျွမ်းခဲ့ပြီး ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၆၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။
အခင်းဖြစ်နေရာသို့ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူမျာ ၀ိုင်းဝန်ငြှိမ်းသတ်မှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိသော်လည်း ဆိတ်(၁၉)ကောင် မီးလောင်ကျွမ်းသေးဆုံးခဲ့သဖြင့် တန်ဘိုးငွေကျပ် (၁၀)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂၂)စု၊ လူဦးရေ ကျား ၄၃ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၈၇ ဦးတို့အား ကျေးရွာရှိ မြတ်ရတနာဘုန်းကြီးကျောင်း၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိခဲ့ပြီး မီးပေါ့ဆသူ ဦးစိုးသိန်းအား မြစ်ခြေရဲစခန်း(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment