Saturday, April 6, 2013

တောင်ကိုရီးယား အလုပ်သမား များကို ကေဆုန် ပူးတွဲ စက်မှုဇုန်မှ ထွက်ခွာရန် မြောက်ကို ရီးယား တိုက်တွန်း ပြီးနောက် အရှေ့ဘက် ကမ်းရိုးတန်းသို့ ဒုံးကျည် ရွှေ့ပြောင်း

တောင်ကိုရီးယား အလုပ်သမား များကို ကေဆုန် ပူးတွဲ စက်မှုဇုန်မှ ထွက်ခွာရန် မြောက်ကို ရီးယား တိုက်တွန်း ပြီးနောက် အရှေ့ဘက် ကမ်းရိုးတန်းသို့ ဒုံးကျည် ရွှေ့ပြောင်း


မြောက်ကိုရီးယား နိုင်ငံ၏ နယ်စပ်မြို့လေးဖြစ်သော ကေဆုန်မြို့ရှိ ပူးတွဲ စက်မှုဇုန်မှ တောင်ကိုရီးယား အလုပ်သမား များကို ဧပြီ ၁ဝရက်တွင် အပြီး ထွက်ခွာကြရန် တောင်ကိုရီးယား ကုမ္ပဏီ

များကို မြောက်ကိုရီးယား နိုင်ငံက တိုက်တွန်းပြောကြား ခဲ့ပြီး တောင်ကိုရီး ယားနှင့် ဂျပန်နိုင်ငံ အထိ ပစ်ခတ်နိုင်စွမ်း ရှိသော မြောက်ကိုရီးယား တာလတ်ပစ် ဒုံးကျည်များကို နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ချထားလိုက်ပြီ ဖြစ်ကြောင်း ယွန်ဟပ်သတင်း ဌာနက ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား အလုပ်သမားများ ကေဆုန်မြို့မှ ထွက်ခွာသွားကြရန် အတည်ပြုပြောကြား ထားသော်လည်း တရားဝင် အကြောင်းကြားစာကို ယခုထိတိုင် လက်ခံရရှိခဲ့ခြင်း မရှိကြောင်း ပေါင်း စည်းရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းပြင် ဒုံးကျည် ပြောင်းရွှေ့ ချထားမှုနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ထပ်လောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ တာလတ်ပစ် ဒုံးကျည် ပစ်ခတ်မှုကို ဧပြီ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်အီဆွန်၏ မွေးနေ့နှစ်ပတ်လည် အခမ်း အနားတွင် ပစ်ခတ်နိုင်ဖွယ်ရှိကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားထား သည်။

အဆိုပါ သတင်း ထုတ်ပြန်ချက်ကို အတည်ပြုရန် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက ငြင်းပယ် ခဲ့သော်လည်း မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်ခတ်မှုကို ၂၄ နာရီလုံး စောင့်ကြည့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

http://bit.ly/Z7zqCf မြောက်ကိုရီးယား နိုင်ငံ၏ နယ်စပ်မြို့လေးဖြစ်သော ကေဆုန်မြို့ရှိ ပူးတွဲ စက်မှုဇုန်မှ တောင်ကိုရီးယား အလုပ်သမားများကို ဧပြီ ၁ဝရက် တွင် အပြီး ထွက်ခွာကြရန် တောင်ကိုရီးယား ကုမ္ပဏီ
များကို မြောက်ကိုရီးယား နိုင်ငံက တိုက်တွန်းပြောကြား ခဲ့ပြီး တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံအထိ ပစ်ခတ်နိုင်စွမ်းရှိသော မြောက် ကိုရီးယား တာလတ်ပစ်ဒုံးကျည်များကို နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်း သို့ ပြောင်းရွှေ့ချထားလိုက်ပြီ ဖြစ်ကြောင်း ယွန်ဟပ်သတင်း ဌာနက ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား အလုပ်သမားများ ကေဆုန်မြို့မှ ထွက်ခွာသွားကြရန် အတည်ပြုပြောကြား ထားသော် လည်း တရားဝင် အကြောင်းကြားစာကို ယခုထိတိုင် လက်ခံရရှိခဲ့ခြင်း မရှိကြောင်း ပေါင်းစည်းရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းပြင် ဒုံးကျည် ပြောင်းရွှေ့ ချထားမှုနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ထပ်လောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ တာလတ်ပစ် ဒုံးကျည် ပစ်ခတ်မှုကို ဧပြီ ၁၅ ရက်တွင် ကျရောက် မည့် မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်အီဆွန်၏ မွေးနေ့နှစ်ပတ်လည် အခမ်း အနားတွင် ပစ်ခတ်နိုင်ဖွယ်ရှိကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ပြောကြားထား သည်။

အဆိုပါ သတင်း ထုတ်ပြန်ချက်ကို အတည်ပြုရန် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက ငြင်း ပယ် ခဲ့သော်လည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုကို ၂၄ နာရီလုံး စောင့်ကြည့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

From...မြ၀တီ

No comments:

Post a Comment