Friday, April 12, 2013

မြောက်ကိုရီးယားသည် ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုအား အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရက ပြည်သူများအား သတိပေးချက် ထုတ်ပြန်

Photo: မြောက်ကိုရီးယားသည် ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုအား အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရက ပြည်သူများအား သတိပေးချက် ထုတ်ပြန်

Friday, April 12, 2013

မြောက်ကိုရီးယား နိုင်ငံသည် လက်နက် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်

ရန် နောက်ဆုံး ပြင်ဆင်မှုများ အပြီးတွင် ဒုံးကျည် တစ်စင်းအား အချိန်မရွေး ပစ်ခတ်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြည်သူ

များသို့ သတိပေးချက် ထုတ်ပြန်လိုက်ပြီး အဆိုပါ ပစ်ခတ်မှုကို လာမည့် ဧပြီ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကို ရီးယား နိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့တွင် ပြုလုပ်သွားဖွယ် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ၂ဝ၁၂ ခုနှစ်က တင့်ကားများ၊ စစ်သည်များနှင့် ဒုံးကျည်များ ပါဝင်သော စစ်ရေး ပြပွဲကြီး အား ပြုလုပ်ခဲ့ပြီး အမေရိကန်နှင့် အနောက် နိုင်ငံများက ပဲ့ထိန်းဒုံးကျည် ပစ်ခတ် စမ်းသပ်သည်ဟု ဆိုသော ဂြိုဟ်တု လွှတ်တင်မှု ပြုလုပ်ခဲ့ပြီး အဆိုပါ ဂြိုဟ်တု လွှတ်တင်မှုမှာ မအောင်မြင်ဘဲ ပျက်ကျသွား ခဲ့သည်။

သို့သော် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် ဂြိုဟ်တု လွှတ်တင်

မှု အောင်မြင်ခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၎င်း၏ တတိယမြောက် နျူကလီးယား စမ်းသပ်မှုအား ပြုလုပ်ခဲ့သည်။ ထိုသို့ စမ်းသပ်မှုအပေါ် ကုလသမဂ္ဂက အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ခဲ့ခြင်းကြောင့် ၁၉၅၃ ခုနှစ် ကတည်းက ရပ်ဆိုင်း ထားခဲ့သော ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ရေး တင်းမာမှုများနှင့် မြောက်ကိုရီးယား နိုင်ငံ၏ ခြိမ်းခြောက်မှုများ မြင့်တက် လာခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ နိုင်ငံခြား သံတမန်များနှင့် တောင်ကိုရီး

ယား နိုင်ငံအတွင်းရှိ နိုင်ငံခြားသား ခရီးသွား များအား ဘေးလွတ်ရာ

သို့ ရွှေ့ပြောင်းသွားကြရန် ကင်ဂျုံအွန် အစိုးရက ဧပြီ ၁ဝ ရက်က တိုက်တွန်း ခဲ့သော်လည်း ၎င်းတို့မှာ ယင်းနိုင်ငံများ အတွင်း၌ ဆက်လက် နေထိုင်လျက် ရှိသည်။ မြောက်ကိုရီးယား နိုင်ငံက ပစ်ခတ်မည့် ဒုံးကျည်များထဲတွင် စကပ်ဒုံးကျည်နှင့် တာလတ်ပစ် ရိုဒေါင်း ဒုံးကျည်များ ပါဝင်ပြီး ၎င်းတို့အား မကြာသေးမီ ရက်ပိုင်း အတွင်းက နှစ်နိုင်ငံ နယ်စပ်သို့ ပြောင်းရွှေ့ ထားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပြီး ၎င်းနှင့်စပ်လျဉ်း၍ သတင်း ရရှိခဲ့မှုကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် လက်နက် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ရန် နောက်ဆုံး ပြင်ဆင်မှုများ အပြီးတွင် ဒုံးကျည် တစ်စင်းအား အချိန်မရွေး ပစ်ခတ်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြည်သူ များသို့ သတိပေးချက် ထုတ်ပြန်လိုက်ပြီး အဆိုပါ ပစ်ခတ်မှုကို လာမည့် ဧပြီ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကို ရီးယား နိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့ တွင် ပြုလုပ်သွားဖွယ် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ၂ဝ၁၂ ခုနှစ်က တင့်ကားများ၊ စစ်သည်များနှင့် ဒုံးကျည်များ ပါဝင်သော စစ်ရေး ပြပွဲကြီး အား ပြုလုပ်ခဲ့ပြီး အမေရိကန်နှင့် အနောက် နိုင်ငံများက ပဲ့ထိန်းဒုံးကျည် ပစ်ခတ် စမ်းသပ်သည်ဟု ဆိုသော ဂြိုဟ်တု လွှတ်တင်မှု ပြုလုပ်ခဲ့ပြီး အဆိုပါ ဂြိုဟ်တု လွှတ်တင်မှုမှာ မအောင်မြင်ဘဲ ပျက်ကျသွား ခဲ့သည်။
သို့သော် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် ဂြိုဟ်တု လွှတ်တင်မှု အောင်မြင်ခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၎င်း၏ တတိယမြောက် နျူကလီးယား စမ်းသပ်မှုအား ပြုလုပ်ခဲ့သည်။ ထိုသို့ စမ်းသပ်မှုအပေါ် ကုလသမဂ္ဂက အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ခဲ့ခြင်းကြောင့် ၁၉၅၃ ခုနှစ် ကတည်းက ရပ်ဆိုင်း ထားခဲ့သော ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ရေး တင်းမာမှုများနှင့် မြောက်ကိုရီးယား နိုင်ငံ၏ ခြိမ်းခြောက်မှုများ မြင့်တက် လာခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ နိုင်ငံခြား သံတမန်များနှင့် တောင်ကိုရီးယား နိုင်ငံအတွင်းရှိ နိုင်ငံခြားသား ခရီးသွား များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားကြရန် ကင်ဂျုံအွန် အစိုးရက ဧပြီ ၁ဝ ရက်က တိုက်တွန်း ခဲ့သော်လည်း ၎င်းတို့မှာ ယင်းနိုင်ငံများ အတွင်း၌ ဆက်လက် နေထိုင်လျက် ရှိသည်။ မြောက်ကိုရီးယား နိုင်ငံက ပစ်ခတ်မည့် ဒုံးကျည်များထဲတွင် စကပ်ဒုံးကျည်နှင့် တာလတ်ပစ် ရိုဒေါင်း ဒုံးကျည်များ ပါဝင်ပြီး ၎င်းတို့အား မကြာသေးမီ ရက်ပိုင်း အတွင်းက နှစ်နိုင်ငံ နယ်စပ်သို့ ပြောင်းရွှေ့ ထားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပြီး ၎င်းနှင့်စပ်လျဉ်း၍ သတင်း ရရှိခဲ့မှုကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment