ကိုရီးယားကျွန်းဆွယ်အရေးနှင့် စပ်လျဉ်း၍ မြောက်ကိုးရီးယား နိုင်ငံ အား အမေရိကန် နိုင်ငံ တောင် ကိုးရီးယား နိုင်ငံတို့မှ
တင်းမာ မှုများ မြင့်တက်နေသော်လည်း မြောက်ကိုရီးယား ပြည်သူများ ကမူ နိုင်ငံ ၏
စစ်ဘက်ဆိုင်ရာ အင်အား ဖြည့်တင်းမှုအား အား ရကျေ နပ်ကြောင်း နိုင်ငံတစ်ဝန်းလူထုစည်းဝေးပွဲများ ပြုလုပ်၍ ထောက်ခံခဲ့ကြသည်။ မြောက် ကိုရီးယားနိုင်ငံ ၏ နျကလီးယား လက်နက်များသည် နိုင်ငံ၏ အသက်သွေးကြော ဖြစ်ကြောင်း
မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်မှအာဏာရကိုရီးယား အလုပ်သမားပါတီ
(WPK) ၏ ဗဟိုကော် မတီ ဆွေးးနွေးပွဲ အပြီးတွင် ထုတ်ပြန်ခဲ့သည့်
အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။ ကာလကြာ ရှည်စွာ ဖြစ်ပွားနေသော
ကိုရီးယားကျွန်းဆွယ်အရေး ကိစ္စသည် နောက်ဆုံးတွင် ငြိမ်းချမ်းရေး
(သို့မဟုတ်) စစ်ပွဲတစ်ရပ် ဖြစ် ပွားနိုင်ကြောင်းကိုလည်း မြောက်ကိုရီးယားအစိုးရအဖွဲ့ ၊ နိုင်ငံရေး ပါတီများနှင့် အခြားအဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်သော အဆိုပါအစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြ ထားသည်။
mrtv-4

No comments:
Post a Comment