Friday, April 19, 2013

ရန်ကုန်တွင် ခရမ်းချဉ်သီး ဈေးနှုန်း လေးဆခန့်မြင့်တက်

ရန်ကုန်ဈေးကွက်တွင်း ခရမ်းချဉ်သီး ၀င်ရောက်မှုကျဆင်းလာခြင်းအတူ တစ်သေတ္တာ လျှင် ဈေးနှုန်း လေး ဆ ခန့်မြင့်တက်လာလျက်ရှိကြောင်း ပွဲရုံပိုင်ရှင်များထံက သိရှိရသည်။

အရင်နှစ်က တစ်သေတ္တာကို ၅၀၀၀-၆၀၀၀ ကျပ်လောက်ပဲရှိတာ၊ ဒီနှစ် တစ်သေတ္တာကို ၂၂၀၀၀- ၃၀၀၀၀ လောက်ဖြစ် သွားတယ်။ ဒီက လက်ကားဈေးတောင်မှ အဲဒီလောက်ဖြစ်သွားတယ်၊ နယ်ဈေးတွေ လည်းမြင့် သွားတယ်ဟု ခရမ်းချဉ်သီး ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ဧပြီလ ၁၉ ရက်နေ့တွင် မုံရွာမှ ထွက်ရှိသော ထိုင်ဝမ်သီး (၁၈) ပိဿာဝင် တစ်သေတ္တာလျင် (၂၇၀၀၀) ကျပ် ၀န်းကျင်၊ အင်းခရမ်းချဉ်သီး (၁၅) ပိဿာဝင် တစ်သေတ္တာလျင် (၂၃၀၀၀) ကျပ် ၀န်းကျင်နှင့် အောင်သပြေ ခရမ်းချဉ်သီး (၁၅) ပိဿာဝင် တစ်သေတ္တာလျင် (၂၅၀၀၀) ကျပ် ၀န်းကျင် ဈေးနှုန်းရှိပြီး အရွယ်အစားနှင့် အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုများ ရှိကြောင်း ကိုလည်း သိရသည်။

လက်လီဈေးမှာ (ခရမ်းချဉ်သီး) တစ်ပိဿာ ၁၇၀၀ ကျပ် မှ ၁၈၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းရှိကြောင်း ကိုသိရသည်။

ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လာရခြင်းမှာ ယခင်နှစ်တွင် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင် အရှုံးဖြင့် ရင်ဆိုင်ခဲ့ ကြရခြင်းကြောင့် ယခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းကာ ဈေးကွက်တွင်း ၀င်ရောက်မှု ကျဆင်းပြီး ရှားပါး လာခြင်းကြောင့် ဖြစ်ကြောင်း ကုန်စိမ်းရောင်း ၀ယ်ရေး လုပ်ငန်း များက ပြောဆိုသည်။

"အလယ်ပိုင်းကထွက်တဲ့ ခရမ်းချဉ်သီးက မ၀င်တော့ဘူး။ မြစ်ဝကျွန်းပေါ်ကထွက်တဲ့ အသီးကျတော့လည်း သိပ်မကြိုက်ကြဘူး။ ခရမ်းချဉ်သီးရှားလာတော့ ဈေးကလည်း လိုက်တက်လာတယ်"ဟု ရွှေငါးဖိန်း ခရမ်းချဉ် သီးပွဲရုံက ပြောသည်။

ရန်ကုန်ဈေးကွက်တွင်းသို့ မုံရွာ၊ အင်းလေး၊ မြစ်ဝကျွန်းပေါ်ဒေသများမှ ခရမ်းချဉ်သီးဝင်ရောက်လျက်ရှိပြီး မုံရွာ၊ အင်းလေးတို့မှ ထွက်ရှိသော ခရမ်းချဉ်သီးများကို လူကြိုက်အများဆုံးဖြစ်ကြောင်း သိရှိရသည်။

From...မြစ်မခ

No comments:

Post a Comment