Tuesday, April 30, 2013

ဥက္ကံအခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်


မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးသတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ
ခဲ့ရကြောင်းသိရပါတယ်။ ညနေသုံးနာရီကျော်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနဲ့ လုံခြုံရေးတပ်ဖွဲ့များလည်း ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။
ဆိုင်ခန်းအချို့ ပျက်စီးပြီး ဗလီက မှန်အချို့ကွဲသွားကြောင်း၊ မီးလောင်ပျက်စီးမှုမရှိကြောင်းသိရပါတယ်။
အခြေအနေအသေးစိတ်သိရှိရပါက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန် ပေးပါ့မယ်။
ပြန်ကြားရေး ဒုဝန်ကြီး Facebook

No comments:

Post a Comment