Tuesday, April 30, 2013

အရေးပါပြီး အရာမရောက်ရရှာသေးတဲ့ မိုးလေ၀သ


(၂-၅-၂၀၁၃)ရက်နေ့ဟာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းရဲ့ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကလည်း တော်တော်လေး အရှိန်တွေလျော့လာကြကုန်ပါပြီ။ ကောက်ရိုးမီးလို့ဘဲ ပြောရမလား၊ ပွဲပြီး မီးသေ
လို့ဘဲ ပြောရမလား၊ နောက်တစ်ကြိမ် နာဂစ်လိုမုန်တိုင်းမျိုးဖြစ်လာခဲ့ရင်တောင် စိတ်ချရတဲ့ အနေအထားမျိုး ရောက်နေတဲ့အတိုင်းဘဲ။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ စီမံခန့်ခွဲရေးလုပ်ငန်းတွေ ပိုကောင်းလာသလား မလာဘူးလားတော့ မသိပါဘူး။ ဒီမိုကရေစီခေတ် သစ်မှာ ပြောင်းလဲလာတဲ့ စတုတ္ထမဏ္ဍိုင်ကို အဆင့်မြှင့်တင်တဲ့အနေနဲ့ colour တွေနဲ့ ထုတ်ဝေလာတဲ့ နိုင်ငံပိုင်သတင်းစာတွေထဲမှာ colour တွေနဲ့ရောထုတ်လိုက်ရော မြန်မာသတင်းစာသာမက အင်္ဂလိပ်သတင်းစာမှာပါ ယခင်ပါနေကျ မိုးလေ၀သသတင်းတွေ မပါတော့ပါဘူး။
ဒီရာသီ မိုးကြိုရာသီဆိုတာ မြန်မာနိုင်ငံရဲ့ ပထမ မုန်တိုင်းရာသီ၊ မိုးကျတော့မယ့် ကာလ ဆိုတာကို မေ့လျော့သွားကြပြီလား မသိ။
နာဂစ်ကြောင့် မိုးလေ၀သအလုပ်တွေကို အရေးပါလာပြီလို့ ပြောနေကြပေမယ့် ကနေ့အထိ အရာမရောက်သေးပါလား။
မောင်ထွန်းလွင် (မိုးလေ၀သ)

No comments:

Post a Comment