Tuesday, April 30, 2013

အမေရိကန် စစ်သည်များအား ဆိုက်ဘာ လုံခြုံရေး အတွက် လေ့ကျင့် သင်ကြား ပေးလျက်ရှိ




Photo: အမေရိကန် စစ်သည်များအား ဆိုက်ဘာ လုံခြုံရေး အတွက် လေ့ကျင့် သင်ကြား ပေးလျက်ရှိ
Tuesday,April30,2013

ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည်များသည် အမေရိကန် စစ်တပ်တွင် အရေးပါသော အခန်း ကဏ္ဍတစ်ခု ဖြစ်လာခဲ့ကြောင်း Associated Press သတင်း ဌာနက ပြောကြားခဲ့သည်။

ဆိုက်ဘာ လုံခြုံရေး ချိုးဖောက်မှုကို ဆန့်ကျင်နိုင်ရန် အတွက် အမေရိကန် စစ်တပ်မှ ကျွမ်းကျင် ပညာရှင်များသည် ကွန်ပျူတာ လေ့ကျင့်မှုများကို ပိုမို ပြုလုပ်လျက် ရှိသည်။

အမေရိကန် ကုမ္ပဏီများ၏ ဆိုက်ဘာ တိုက်ခိုက် ခံရမှုတွင် တရုတ်နိုင်ငံ ပါဝင်ကြောင်း အမေရိကန် အစိုးရက သံသယ ရှိနေသည်။ ၄င်းတိုက်ခိုက်မှုသည် တရုတ်နိုင်ငံမှ ဆိုက်ဘာ စစ်သည်များ၏ လက်ချက်ဟု ယူဆရကြောင်း အမေရိကန် သတင်း စာများက ဖော်ပြခဲ့သည်။

အမေရိကန် သမ္မတ ရုံးသည် ဆိုက်ဘာ တိုက်ခိုက်မှု ခံရကြောင်း Associated Press သတင်း ဌာနက ၄င်းတို့၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

ထို့ပြင် Burger King, Ebay နှင့် NBC သတင်းဌာနများ သည်လည်း မကြာ သေးမီက ဆိုက်ဘာ တိုက်ခိုက် ခံခဲ့ရသည်။
ယခုကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှုများ များပြားလာခြင်းက တပ်သား သစ်များအား ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည် တာဝန်ကို ပိုမို စိတ်ဝင်စား လာနိုင်စေ ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့မှ တာဝန်ရှိ သူများသည် ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍ ယခု သီတင်းပတ် အတွင်းက အဆင့်မြင့် တွေ့ဆုံပွဲကို ပြုလုပ် ခဲ့ကြသည်။
သက်သေ အထောက်အထား များစွာ ရှိနေသော်လည်း အမေရိကန် အစိုးရ၏ ဝက်ဘ်ဆိုက် များနှင့် အမေရိကန် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက် ခံရမှုတွင် ၄င်းတို့ ပါဝင်ခြင်း မရှိဟု တရုတ်က ငြင်းဆို ထားသည်။

မြ၀တီ
ဆိုက်ဘာ တိုက်ခိုက်ရေးစစ်သည်များသည် အမေရိကန် စစ်တပ်တွင်အရေးပါသော အခန်းကဏ္ဍ တစ်ခု ဖြစ်လာခဲ့ကြောင်း Associated Press သတင်း ဌာနက ပြောကြားခဲ့သည်။

ဆိုက်ဘာ လုံခြုံရေး ချိုးဖောက်မှုကို ဆန့်ကျင်နိုင်ရန် အတွက် အမေရိကန် စစ်တပ်မှ ကျွမ်းကျင် ပညာရှင် များသည် ကွန်ပျူတာ လေ့ကျင့်မှုများကို ပိုမို ပြုလုပ်လျက် ရှိသည်။

အမေရိကန် ကုမ္ပဏီများ၏ ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် တရုတ်နိုင်ငံပါဝင်ကြောင်း အမေရိကန် အစိုးရက သံသယရှိနေသည်။ ၄င်းတိုက်ခိုက်မှုသည် တရုတ်နိုင်ငံမှ ဆိုက်ဘာစစ်သည်များ၏ လက်ချက် ဟု ယူဆရကြောင်း အမေရိကန် သတင်း စာများက ဖော်ပြခဲ့သည်။

အမေရိကန် သမ္မတရုံးသည် ဆိုက်ဘာတိုက်ခိုက်မှုခံရကြောင်း Associated Press သတင်းဌာနက ၄င်းတို့ ၏ တွစ်တာဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

ထို့ပြင် Burger King, Ebay နှင့် NBC သတင်းဌာနများသည်လည်း မကြာ သေးမီက ဆိုက်ဘာ တိုက်ခိုက် ခံခဲ့ရသည်။
ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများ များပြားလာခြင်းက တပ်သားသစ်များအား ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည် တာဝန်ကို ပိုမို စိတ်ဝင်စား လာနိုင်စေ ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများသည် ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက် မှုနှင့် စပ်လျဉ်း၍ ယခု သီတင်းပတ်အတွင်းက အဆင့်မြင့် တွေ့ဆုံပွဲကို ပြုလုပ် ခဲ့ကြသည်။
သက်သေ အထောက်အထား များစွာ ရှိနေသော်လည်း အမေရိကန် အစိုးရ၏ ဝက်ဘ်ဆိုက်များနှင့် အမေရိကန် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက် ခံရမှုတွင် ၄င်းတို့ ပါဝင်ခြင်း မရှိဟု တရုတ်က ငြင်းဆို ထားသည်။

မြ၀တီ

No comments:

Post a Comment