Tuesday, April 30, 2013

ပါဏာတိပါတ (သတ်မှု) အင်္ဂါ ၅ ပါး

၁။ သတ္တ၀ါ ဖြစ်ခြင်း၊
၂။ သတ္တ၀ါလို. အမှတ်ရှိခြင်း
၃။ သတ်လိုစိတ် ရှိခြင်း
၎။ သတ်ရန် အားထုတ်ခြင်း
၅။ သေခြင်း

ဒီအင်္ဂါ ၅ ပါး ပြည့်စုံမှ သတ်မှုကံ အထမြောက်တယ်။

--------

သူတပါးအသက် သတ်ခြင်းကြောင့် ရရှိမည့် အပြစ်များမှာ ၂၃-ပါးမှာ-

(၁) ကိုယ်အင်္ဂါ ချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖဝါး,မညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေ ကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁ဝ) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက်, အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့် သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသော ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂ဝ) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်းတို့ ဖြစ်တတ်သည့်အတွက် ရှောင်ရှားနိုင်ကြပါစေ။
အဘိဓမ္မာအသင်း (စင်္ကာပူ)

No comments:

Post a Comment