Tuesday, April 30, 2013

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးအတွက် အချိန်ကိုက်ဗုံးများ ဖြစ်လာ ဖွယ်ရှိ

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးအတွက် အချိန်ကိုက်ဗုံးများ ဖြစ်လာ
ဖွယ်ရှိ 
Tuesday, April 30, 2013 

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးဆိုင်ရာ အချိန်ကိုက်ဗုံးဖြစ်လာဖွယ်
ရှိကြောင်း ကျွမ်းကျင်သူတို့က သတိပေးပြောကြားခဲ့ကြသည်။ 

မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ဦးနှောက်ကင်ဆာကဲ့သို့သော ကျန်းမာရေး
အခြေအနေဆက်စပ်နေမှုကို ပညာရှင် ၂၀၀ ကျော်ခန့် တို့က လေ့လာ
ဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ရာမှ ပေါ်ထွက်လာသော အစီရင်ခံစာအရ မိုဘိုင်းဖုန်း
အသုံးပြုခြင်းကြောင့် ကြီးမားသော ကျန်းမာရေးဘေးဥပဒ်ဖြစ်ဖွယ်ရာ အလားအလာ ရှိမှုကို သက်ဆိုင်ရာတို့က မှေးမှိန်ထားတတ်ကြောင်း၊ အထူးသဖြင့် ကလေးများ၏ သေးငယ်ပါးလွှာသော ဦးခေါင်းခွံသည်
 ရေဒီယိုသတ္တိကြွမှုခံနိုင်ရည် မရှိကြောင်း ဖော်ပြခဲ့သည်။

သို့ရာတွင် မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ကျန်းမာရေးဘေးဥပဒ်များ ဆက်စပ်နေ
ကြောင်းကိုမှု အထောက်အထားမပြနိုင်သေးသော်လည်း ကျောင်းများ၊ ဖုန်း အရောင်းဆိုင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များတွင် မိုဘိုင်းဖုန်း
အသုံးပြုမှုကို လျှော့ချရန် လှုံ့ဆော်စာများ ကပ်ထားသင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့သည့် သုတေသီအဖွဲ့ဝင်တို့ကမူ လေ့လာဆန်းစစ်မှုများအရ မိုဘိုင်းဖုန်းကြာရှည် အသုံးပြုခြင်းက Glioma ဟု ခေါ်သာ ဦးနှောက်အဖု အကျိတ် ထွက်ခြင်းကဲ့သို့သော ဘေးဥပဒ်နှင့် ဆက်စပ်မှုရှိနေသည်ကိုမူ
 ထောက်ပြခဲ့ကြသည်။

၂၀၀၈ ခုနှစ် ဆွီဒင်သုတေသီအဖွဲ့၏ လေ့လာဆန်းစစ်မှုတွင် ယူဆချက်အရ မိုဘိုင်းဖုန်းအသုံးပြုသော ကလေးများသည် ဦးနှောက်ကင်ဆာ ဖြစ်ပွားရန် ငါးဆ ပိုမိုသည်ဟု ဆိုသည်။ အခြားသော လေ့လာဆန်းစစ်မှုတွင်မူ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်များ၏ မိုဘိုင်းဖုန်းအသုံးပြုမှုကြောင့်
 မွေးဖွား လာမည့် ကလေးတို့၏ ဦးနှောက်ဆဲလ်များ ပျက်စီးမှုနှင့် ဆက်နွှယ်နေကြောင်း တွေ့ရသည်ဟု သိရသည်။

Health
Mg Mandalay

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးဆိုင်ရာ အချိန်ကိုက်ဗုံးဖြစ်လာဖွယ်ရှိကြောင်း ကျွမ်းကျင်သူတို့က သတိပေးပြောကြားခဲ့ကြသည်။

မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ဦးနှောက်ကင်ဆာကဲ့သို့သော ကျန်းမာရေးအခြေအနေဆက်စပ်နေမှုကို ပညာရှင် ၂၀၀ ကျော်ခန့် တို့က လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ရာမှ ပေါ်ထွက်လာသော အစီရင်ခံစာအရ မိုဘိုင်းဖုန်းအသုံးပြုခြင်းကြောင့် ကြီးမားသော ကျန်းမာရေးဘေးဥပဒ်ဖြစ်ဖွယ်ရာ အလားအလာရှိမှုကို သက်ဆိုင်ရာတို့က မှေးမှိန်ထားတတ်ကြောင်း၊ အထူးသဖြင့် ကလေးများ၏ သေးငယ်ပါးလွှာသော ဦးခေါင်းခွံသည်ရေဒီယိုသတ္တိကြွမှုခံနိုင်ရည် မရှိကြောင်း ဖော်ပြ ခဲ့သည်။

သို့ရာတွင် မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ကျန်းမာရေးဘေးဥပဒ်များ ဆက်စပ်နေကြောင်းကိုမှု အထောက် အထားမပြနိုင်သေးသော်လည်း ကျောင်းများ၊ ဖုန်း အရောင်းဆိုင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များတွင် မိုဘိုင်းဖုန်းအသုံးပြုမှုကို လျှော့ချရန် လှုံ့ဆော်စာများ ကပ်ထားသင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့သည့် သုတေသီအဖွဲ့ဝင်တို့ကမူ လေ့လာဆန်းစစ်မှုများအရ မိုဘိုင်းဖုန်းကြာရှည် အသုံးပြုခြင်း က Glioma ဟု ခေါ်သာ ဦးနှောက်အဖု အကျိတ် ထွက်ခြင်းကဲ့သို့သော ဘေးဥပဒ်နှင့် ဆက်စပ်မှု ရှိနေ သည် ကိုမူထောက်ပြခဲ့ကြသည်။

၂၀၀၈ ခုနှစ် ဆွီဒင်သုတေသီအဖွဲ့၏ လေ့လာဆန်းစစ်မှုတွင် ယူဆချက်အရ မိုဘိုင်းဖုန်းအသုံးပြုသော ကလေးများသည် ဦးနှောက်ကင်ဆာ ဖြစ်ပွားရန် ငါးဆ ပိုမိုသည်ဟု ဆိုသည်။ အခြားသော လေ့လာ ဆန်းစစ်မှုတွင်မူ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်များ၏ မိုဘိုင်းဖုန်း အသုံးပြုမှုကြောင့်မွေးဖွား လာမည့် ကလေးတို့၏ ဦးနှောက်ဆဲလ်များ ပျက်စီးမှုနှင့် ဆက်နွှယ်နေကြောင်း တွေ့ရသည်ဟု သိရသည်။

Health
Mg Mandalay

No comments:

Post a Comment