ပီရူးနိုင်ငံတွင် မိုးပျံ လေဘောလုံးတစ်ခုပျက်ကျမှုကြောင့် လူ(၂)ဦး ပျောက်ဆုံးလျှက် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လေဘောလုံးသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်ပြီး ယင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး (၅)ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပီရူး အာဏာပိုင် များက ပြောကြားခဲ့သည်။
သို့သော်လည်း လေဘောလုံးကို မောင်းနှင်သူနှင့် အခြားတစ်ဦးကိုမူ ယခုတိုင် ရှာမတွေ့သေးဟု သိရှိရသည်။ ပြည်ထဲရေး ဝန်ကြီး ဝီလ်ဖရက်ဒို ပီဒရက်ဇာက လေဘောလုံးကို ပိုင်ဆိုင်သည့် Globos Peru SAC ကုမ္ပဏီအား လေဘောလုံးပေါ် လိုက်ပါလာသူအားလုံးတွင် အသက်ကယ်အင်္ကျီ ရှိမနေခြင်း အတွက် ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ထားသည်။
No comments:
Post a Comment