Wednesday, April 3, 2013

ကချင်လက်နက်ကိုင်အဖွဲ့မှ ဆန်အိတ်များအတင်းအကြပ်တောင်းခံနေ၍ ရွာသားများအခက်ကြုံ

ကချင်ပြည်နယ်အတွင်း KIA တပ်များနှင့် အစိုးရတပ်များ အပစ် အခတ် ရပ်စဲထားပြီး နောက်ပိုင်းတွင် KIA အဖွဲ့များအနေဖြင့် လူသစ် စုဆောင်းခြင်း၊ ရိက္ခာများစုဆောင်းခြင်းများရှိနေပြီး ဆန်များကို အတင်း အကြပ် တောင်းခံနေခြင်းကြောင့် ဒေသခံများ အနေဖြင့် အခက် အခဲများ စွာကြုံတွေ့နေ လျက်ရှိသည်။ 

တိုက်ပွဲများ ရပ်နားထားစဉ် တပ်အင်အားတွေတိုးချဲ့ထားရမည် ဟူသော ဗိုလ်ချုပ်ဂမ်ရှောင်၏ ညွှန်ကြား ချက် အတိုင်း အောက်ခြေ တပ်ဖွဲ့များတွင် လူသစ်များစုဆောင်းနေရသလို ရိက္ခာဆန်များ တောင်းခံခြင်းကိုလည်း အလု အယက်လုပ်ဆောင်လျက်ရှိသည်။

မတ်လ ၂၅ ရက်နေ့တွင် KIA တပ်ရင်း(၁၄)မှ အဖွဲတစ်ဖွဲ့သည် နန်ဆန်ချောင်းနှင့် လဆီးချောင်းဆုံမှ တစ်ဆင့် လော့ဒ်ဂျာရွာ သို့ရောက်ရှိလာပြီး ရွာသားများထံမှ ဆန်များ တောင်းခံခဲ့ရာ ဆန်အိတ်ပေါင်း (၁၂၀)ကျော်ရရှိခဲ့သည်။မတ်လ ၃၁ ရက်နေ့တွင် အဆိုပါဆန်အိတ်များအား နန်ဆန် ချောင်းဆုံနှင့် လဆီးချောင်းဆုံသို့ သယ်ယူခဲ့ပြီး ဆန်အိတ်အချို့အား ပြန်လည်ရောင်းချခဲ့ရာ ငွေကြေးအမြောက် အများ ရရှိ သွားခဲ့သည်။

ဒေသခံရွာသားများအနေဖြင့် ယင်းတို့၏ ၀မ်းစာအတွက်စုဆောင်းထားသောဆန်အိတ်များအား အခမဲ့ပေး လိုက်ရသဖြင့် အခက် အခဲများစွားတွေ့ကြုံရသကဲ့သို့ KIA အဖွဲ့မှ ပြန်လည်ရောင်းချ ရာတွင် လည်း ငွေကြေး မတန် တဆတောင်း ဆိုသဖြင့် ပေးလိုက် ရသည့်အတွက် မိအေးနှစ်ခါ နာသကဲ့သို့ ဖြစ်နေ ရကြောင်း သိရှိရပါသည်။
From...ကချင်နေ့စဉ်သတင်း
 

No comments:

Post a Comment