ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး
နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က
အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။
ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်အတွင်း ရေချိုးခန်းတွင်
ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် (၅၇ နှစ်) သေဆုံးနေကြောင်း တွေ့ရသည်ဟု
သိရသည်။
ဆိုင်အတွင်း အဖိုးတန် လက်ဝတ်ရတနာများ၊
အဖိုးတန်နာရီများနှင့် တနေ့လုံးရောင်း ချထားသော ငွေ များပျောက်ဆုံးနေကြောင်း၊
ဒေါ်နီနီအောင်သည် မျက်နှာတွင် ဖူးယောင်ဒဏ်ရာ များနှင့် သေ ဆုံးနေကြောင်း
အမှုစစ်ရဲအရာရှိ ဒုရဲအုပ် လှိုင်မျိုးဝင်းက ဧရာဝတီသို့ ပြော သည်။
သေဆုံးသူ၏ သားဖြစ်သူ ကိုအောင်ပိုင်ထူးက ပြည်မြို့ အမှတ် (၂) ရဲစခန်းတွင်
အမှုဖွှင့်ထားကြောင်း၊ ရဲတပ်ဖွဲ့က တရားခံဖမ်းမိရန် စုံစမ်းနေကြောင်း သိရသည်။
ကောင်းမြတ်မင်း ~
ဧရာဝတီ
ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့်
ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်အတွင်း ရေချိုးခန်းတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် (၅၇ နှစ်) သေဆုံးနေကြောင်း တွေ့ရသည်ဟု သိရသည်။
ဆိုင်အတွင်း အဖိုးတန် လက်ဝတ်ရတနာများ၊ အဖိုးတန်နာရီများနှင့် တနေ့လုံးရောင်း ချထားသော ငွေ များပျောက်ဆုံးနေကြောင်း၊ ဒေါ်နီနီအောင်သည် မျက်နှာတွင် ဖူးယောင်ဒဏ်ရာ များနှင့် သေ ဆုံးနေကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ် လှိုင်မျိုးဝင်းက ဧရာဝတီသို့ ပြော သည်။
သေဆုံးသူ၏ သားဖြစ်သူ ကိုအောင်ပိုင်ထူးက ပြည်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွှင့်ထားကြောင်း၊ ရဲတပ်ဖွဲ့က တရားခံဖမ်းမိရန် စုံစမ်းနေကြောင်း သိရသည်။
ကောင်းမြတ်မင်း ~
ဧရာဝတီ
No comments:
Post a Comment