Tuesday, April 23, 2013

တရုတ်နိုင်ငံမှာ ပညာသွားသင်သော ကချင်လူငယ်များ၏ အနာဂတ် KIA လက်ထဲမှာ ရှိနေ

တရုတ်နိုင်ငံမှာ ပညာသွားသင်သော ကချင်လူငယ်များ၏ အနာဂတ် KIA လက်ထဲမှာ ရှိနေ
Tuesday,April23,2013

ကချင်ပြည်နယ် မိုင်ဂျာယန် အထက်တန်းကျောင်းမှ ဆယ်တန်းကျောင်းသားကျောင်းသူ (၆) ဦးသည် ယမန်နေ့ က တရုတ်နိုင်ငံသို့ ပညာသင်ကြားရန် ထွက်ခွာသွားခဲ့သည်ဟု မြို့ ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။


“ ဆယ်တန်းကျောင်းသား / ကျောင်းသူတွေချည်းပါ ၊ ကျောင်းသား (၃) ယောက် ၊ ကျောင်းသူ (၃) ယေက် စုစုပေါင်း (၆) ယောက်ပေါ့၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ ကူမင်းမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ တစ်နည်းခေါ်တာကတော့ ဘာသာပြန် သင်တန်း ဖြစ်ပါတယ်၊ ၂ နှစ်တက်ရမယ်လို့တော့ အကြမ်းဖျဉ်းသိရတယ်၊ အဲဒီသင်တန်းကိုသွားတက်ဖို့ ကချင်လွတ်မြောက် ရေးတပ်မတော် KIA အဖွဲ့က ထောက်ပံ့ပေးတာလို့ ကလေးတွေ ရဲ့ မိဘတွေဆီက ပြန်ကြားရတာပဲ ၊ သင်တန်းဆင်းပြီး ပြန်လာရင်တော့ ကချင် ပြည်နယ်အတွက် အလုပ် အကျွေးပြုမလား၊ ဒါမှမဟုတ် KIA အဖွဲ့ရဲ့ အခိုင်းအခံဘ၀ရောက် မလား အသေအချာ မပြော နိုင်သေးပါဘူး” ဟု မိုင်ဂျာယန်အထက်တန်းကျောင်းမှ ဒေသခံဆရာတစ်ဦးက ပြောပြသွားခဲ့ သည်။

၎င်းကျောင်းသား/ကျောင်းသူ(၆)ဦးအား KIA အဖွဲ့က မိုင်ဂျာယန်ကနေတစ်ဆင့် တရုတ်နိုင်ငံ ယန်ကျန်းမြို့ လမ်းကြောင်း အတိုင်း မံရှိလေဆိပ်လို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
http://www.kachindailynews.com/

ကချင်ပြည်နယ် မိုင်ဂျာယန် အထက်တန်းကျောင်းမှ ဆယ်တန်းကျောင်းသားကျောင်းသူ (၆) ဦးသည် ယမန်နေ့ က တရုတ်နိုင်ငံသို့ ပညာသင်ကြားရန် ထွက်ခွာသွားခဲ့သည်ဟု မြို့ ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ ဆယ်တန်းကျောင်းသား / ကျောင်းသူတွေချည်းပါ ၊ ကျောင်းသား (၃) ယောက် ၊ ကျောင်းသူ (၃) ယေက် စုစုပေါင်း (၆) ယောက်ပေါ့၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ ကူမင်းမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ တစ်နည်းခေါ်တာကတော့ ဘာသာပြန် သင်တန်း ဖြစ်ပါတယ်၊ ၂ နှစ်တက်ရမယ်လို့တော့ အကြမ်းဖျဉ်းသိ ရတယ်၊ အဲဒီသင်တန်းကိုသွားတက်ဖို့ ကချင်လွတ်မြောက် ရေးတပ်မတော် KIA အဖွဲ့က ထောက်ပံ့ပေး တာလို့ ကလေးတွေ ရဲ့ မိဘတွေဆီက ပြန်ကြားရတာပဲ ၊ သင်တန်းဆင်းပြီး ပြန်လာရင်တော့ ကချင် ပြည်နယ်အတွက် အလုပ် အကျွေးပြုမလား၊ ဒါမှမဟုတ် KIA အဖွဲ့ရဲ့ အခိုင်းအခံဘ၀ရောက် မလား အသေအချာ မပြော နိုင်သေးပါဘူး” ဟု မိုင်ဂျာယန် အထက်တန်းကျောင်း မှ ဒေသခံဆရာ တစ်ဦးက ပြောပြသွားခဲ့သည်။

၎င်းကျောင်းသား/ကျောင်းသူ(၆)ဦးအား KIA အဖွဲ့က မိုင်ဂျာယန်ကနေတစ်ဆင့် တရုတ်နိုင်ငံ ယန်ကျန်းမြို့လမ်းကြောင်းအတိုင်း မံရှိလေဆိပ်လို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment