Wednesday, April 24, 2013

“၃ နှစ်ကြာ ဥမင်တူး၍ ရေနံတန်ချိန် ၃၀ ခန့် ခိုးယူခဲ့သူ”


Photo: “၃ နှစ်ကြာ ဥမင်တူး၍ ရေနံတန်ချိန် ၃၀ ခန့် ခိုးယူခဲ့သူ”

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသတွင် နေထိုင်သူ တစ်ဦးသည် ကိုယ်တိုင်တူးထားသည့် ဥမင်တစ်ခုမှတစ်ဆင့် ရေနံ တန်ချိန် (၃၀)ခန့်ထိကို ခိုးယူထားနိုင်ခဲ့ကြောင်း သိရှိရသည်။ မီတာ(၆၀)ရှည်လျားသည့် သတ္တုဥမင် တစ်ခုကို (၃)နှစ်ကြာ တူးဖော် ဖော်လုပ်ခဲ့သည့်နောက် ၎င်းသည် ဒေသတွင်း လောင်စာဆီ ပိုက်လိုင်းမှ ဆီများကို ခိုးယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော်လည်း ၎င်း၏ လုပ်ရပ်သည် သက်တမ်းရှည်ရှည် မခံခဲ့ဘဲ ရဲများက ဖမ်းမိသွားခဲ့သည်။ ထိုသူက မိမိသည် (၂၀၁၀)ပြည့်နှစ်မှ (၂၀၁၃)ခုနှစ်ထိ (၃)နှစ်ကြာ အချိန်ယူကာ ယင်းဥမင်ကို ဖောက်လုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
၎င်းပိုင်ဆိုင်သည့် ခြံဝင်းအတွင်းမှနေ၍ ပိုက်လိုင်းသို့ ဆက်သွယ်သော ဥမင်ကို အဆိုပါ သံသယ တရားခံက မြေအောက်တွင် သွယ်တန်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပိုက်လိုင်းကို ရုရှားရေနံလုပ်ငန်းကြီး Transneftက ပိုင်ဆိုင်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21403

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသတွင် နေထိုင်သူတစ်ဦးသည် ကိုယ်တိုင်တူးထားသည့် ဥမင်တစ်ခုမှ တစ်ဆင့် ရေနံတန်ချိန် (၃၀)ခန့်ထိကို ခိုးယူထားနိုင်ခဲ့ကြောင်း သိရှိရသည်။ မီတာ(၆၀)ရှည်လျားသည့် သတ္တုဥမင် တစ်ခုကို (၃)နှစ်ကြာ တူးဖော် ဖော်လုပ်ခဲ့သည့်နောက် ၎င်းသည် ဒေသတွင်း လောင်စာဆီ ပိုက်လိုင်းမှ ဆီများကို ခိုးယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်း၏ လုပ်ရပ်သည် သက်တမ်းရှည်ရှည် မခံခဲ့ဘဲရဲများက ဖမ်းမိသွားခဲ့သည်။ ထိုသူက မိမိသည် (၂၀၁၀)ပြည့်နှစ်မှ (၂၀၁၃)ခုနှစ်ထိ (၃)နှစ်ကြာ အချိန်ယူကာ ယင်းဥမင်ကို ဖောက်လုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
၎င်းပိုင်ဆိုင်သည့် ခြံဝင်းအတွင်းမှနေ၍ ပိုက်လိုင်းသို့ ဆက်သွယ်သော ဥမင်ကို အဆိုပါ သံသယ တရား ခံက မြေအောက်တွင် သွယ်တန်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပိုက်လိုင်းကို ရုရှားရေနံ လုပ်ငန်းကြီး Transneftက ပိုင်ဆိုင်သည်။ 
From...planet Myanmar Network

No comments:

Post a Comment