Wednesday, April 3, 2013

ဆင်းကတ်ရောင်းမည့်ရက် ကြေညာချက်ထုတ်ပြီး တစ်ပတ်ကျော်မှဝယ်လို့ရမည်

ဆင်းကတ်ရောင်းချမည့်ရက်ကို ကြေညာချက်ထုတ်ပြန်ပြီးတစ်ပတ်ကျော်ကြာမှသာ ရောင်းပေးမည်ဟုမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “ကျွန်တော်တို့ လက်ထဲမှာ ဆင်းကတ်တွေရောက်နေပါပြီ။ ကတ်တွေ ထုတ်လိုက်တော့ဆိုပြီးအထက်ကညွှန်ကြားချက် မလာသေးဘူး။ ညွှန်ကြားချက်လာရင်လည်း ချက် ချင်းရောင်းလို့မရသေးဘူး။ သတင်းထုတ်ပြန်ပြီးရောင်းဖို့စီစဉ်ရဦးမယ်။ တစ်ပါတ်ဒါမှမဟုတ်၁၀ ရက် လောက် နီးပါးအချိန်ခွာပြီးမှ ရောင်းချပေးမှာပါ” ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှမိုဘိုင်းအင် ဂျင်နီယာ ချုပ်ဦးဌေးဝင်း က ပြောသည်။ ဆင်းကတ်ကို ဧပြီလ၅ ရက်နေ့တွင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်း ချပေးမည် ဟုသတင်း ထွက်ပေါ်နေ သလို ဂျီဖုန်းကျပ်ငါးထောင်နှင့်WCDMA ကျပ်ခြောက်ထောင်နှုန်းဖြင့် ယခုရက်ပိုင်း အတွင်း ရောင်းချပေးမည်ဟုလည်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။ “ဈေးနှုန်းဘယ်လောက်လဲ ဆိုတာတော့ကျွန်တော်တို့လည်းမသိသေးဘူး။ ဖုန်းဈေးနှုန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး ကိုယ် တိုင်တောင် မပြောသေးဘူး။ ဝန်ကြီးလည်း မပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့အဆ င့်လည်း မသိသေး ပါဘူး” ဟု၎င်းက ဆက်လက်ပြောသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆင်းကတ်ရောင်းချရာ တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ တယ်လီဖုန်း မရရှိသည့်သူများကိုမျှတမှုရှိအောင်စနစ် တကျ ရောင်း ချပေး သွားမည်ဖြစ်ကြောင်း၊ဖုန်းများ ရောင်းချပြီး ပါကလည်း ဖုန်းလိုင်းကျပ်တည်းမှု မရှိအောင်ကြို တင်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ပြင်ပဈေး ကွက် တွင် သတ်မှတ်နှုန်း ထက်ပို၍ရောင်း ချမှုနှင့် ဈေး ကစားမှုများမပြုလုပ်နိုင်ရေးအတွက်လစဉ် ဖုန်းရောင်းချမှု ကို တူညီသည့်နှုန်းဖြင့်သာ ရောင်း ချပေး မည် ဖြစ်ကြောင်း၎င်းက ဆက်လက် ပြောကြား ခဲ့သည်ဟု၂၀၁၃ ခုနှစ်ဧပြီလ ၄ ရက်နေ့ထုတ်Popular Newsဂျာနယ်တွင် ဖော်ပြထားပါသည်။
From... News of Myanmar

No comments:

Post a Comment