Tuesday, April 30, 2013

အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည်


Photo

အမေရိကန်ထိပ်တန်း Ford ကားများအား ယခုနှစ်အတွင်း ပြည်တွင်း၌ စတင်ရောင်းချ သွား မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏ်ီမှ ယနေ့နံနက် ၁၀ နာရီတွင် အင်းလျားလိခ်ဟိုတယ်၌ ရှင်းလင်းပြော ကြားခဲ့သည်။

Ford ကုမ္ပဏီအနေဖြင့် ပြည်တွင်းမှ Capital Automotive ကုမ္ပဏီနှင့် ပူးပေါင်း ၍ မော်တော်ကား အသစ်များ စတင်တင်သွင်းသွားမည် ဟု Capital Automotive ကုမ္ပဏီမှ ဦးခင်ထွန်းကပြောသည်။

၏ပထမဦးဆုံး အရောင်းပြခန်းအား ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်နေပြီ ဖြစ်ပြီး ၀န်ဆောင်မှုအပိုင်းနှင့် အပိုပစ္စည်း များအတွက်ပါထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အဆိုပါ အရောင်းပြခန်း၌ Ford ၏ One Ford ကားများ ၊ ထရပ်ကားများနှင့် SUV ကားများ စတင်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သုတလင်း
From....Popular Myanmar News Journal

No comments:

Post a Comment