Tuesday, April 30, 2013

Galatic လွန်းပျံယာဉ် စမ်းသပ်ပျံသန်းမှု


Photo
ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက အာကာသခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်နေသော Galatic လွန်းပျံယာဉ် စီမံကိန်း၏ စွမ်းအင်ပြည့် စမ်းသပ်ပျံသန်းမှုသည် ချောမောစွာ အောင်မြင်မှု ရရှိခဲ့သည်။ အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။


Virgin Galacticက ပိုင်ဆိုင်သည့် လွန်းပျံယာဉ် ပျံသန်းမှု အပြည့်အဝ အောင်မြင်ခဲ့သည့်နောက် ဆာရစ်ချတ် ဘရန်ဆန်ပိုင်ဆိုင်သည့် အဆိုပါ စီမံကိန်းကို ယခုနှစ် မကုန်မီ အမှန်တကယ် စတင်ကာ ပထမဆုံးအကြိမ် အာကာသထဲ အလည်အပတ် ခရီးစဉ် သွားရောက်နိုင်ရန် တာဝန်ရှိသူများက မျှော်လင့် လာခဲ့သည်။ 
From....Planet Myanmar Network

No comments:

Post a Comment