Tuesday, April 23, 2013

ဦးနှောက်လှိုင်း အသုံးပြု အပြန်အလှန် ဆက်သွယ်စေခိုင်းနိုင်မည့် ထိတွေ့မှုမဲ့ tablet ထုတ်လုပ်နိုင်ရန် Samsung ကြိုးစား



tablet နှင့် smartphone များကိုအသုံးပြုသူ၏ စိတ်ကူးအကြံဖြင့် ထိန်းချုပ်စေစားနိုင်မည့် နည်းပညာကို Samsung ကုမ္ပဏီမှတီထွင် ကြံဆလျှက်ရှိသည်ဟု သိရသည်။ လတ်တလောတွင် ဦးနှောက်လှိုင်း အာရုံခံ ကိရိယာခေါင်းစွပ် EEG caps ပါဝင်သော ပရောဂျက်တစ်ခုကို တက္ကဆပ် တက္ကသိုလ်ရှိ သုတေသန ပညာရှင် များနှင့် ဆောင်ရွက်လျှက် ရှိသည်။


ယခုအချိန်တွင် အောင်မြင်မှုအပြည့်အ၀ မရရှိသေးသော်လည်း နောင်တစ်ချိန်တွင် လူကြိုက် များ ရေပန်း စားလာစေရန် Samsung ကုမ္ပဏီမှ ရည်ရွယ်ထားသည်။ စနစ်၏ လက်ရှိ အခြေအနေသည် တုံ့ပြန်မှု နှေးကွေးလျှက်ရှိကာ မသန်မစွမ်းသူများအသုံးပြုနိုင်ရန် ရည်ရွယ်သည်မှာထင်ရှားသည်။ သို့သော် ကုမ္ပဏီအနေဖြင့် input methods အမျိုးမျိုးကို စိတ်ဝင်စားလျှက် ရှိကြောင်းကိုမူ သိနိုင်မည်ဖြစ်သည်။ ၄င်းနည်းပညာကို အသုံးပြုမည့်သူသည် ဦးခေါင်းတွင် လျှပ်စစ်အချက်ပြ အာရုံခံကိရိယာကို ၀တ်ဆင်ကာ tablet နှင့် smartphone များကို ထိန်းချုပ်စေခိုင်းစေမည့် ပုံစံမျိုး ဖြစ်သည်။
mrtv4

No comments:

Post a Comment