Tuesday, April 23, 2013

မိုင်းရှုးမြို့ နယ်တွင် SSA (၀မ်ဟိုင်း) အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

Photo: မိုင်းရှုးမြို့ နယ်တွင် SSA (၀မ်ဟိုင်း) အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ
Tuesday, April 23, 2013

ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ မိုင်းရူးမြို့ နယ်၊ ၀မ်လွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ယမန်နေ့က SSA (၀မ်ဟိုင်း) အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားခဲ့သည်ဟု ဒေသခံဝန်ထမ်း တစ်ဦး၏ ပြောပြချက် အရ သိရ သည်။
“ ဟိုတစ်နေ့ မနက်ပိုင်းက ရွာထဲကို ရှမ်းစစ်သားတွေ ၀င်လာတယ်၊ တစ်အိမ်ကို ၁၀၀၀ ကနေ ၁၀၀၀၀ အထိ ကောက်သွားတာပဲ၊ တိုက်ပွဲတွေဖြစ်နေတဲ့ ကာလမှာ သူတို့ကို ဆက်ကြေးပေးနေရတာဟာ ကျွန်တော်တို့ ဒေသခံတွေအတွက် အများကြီးနစ်နာပါတယ်၊ အခုမိုင်းရှုး - တန့်ယန်းကားလမ်းကလည်း ပိတ်ထားတယ်၊ မီးသွေးဖုတ်ထားတာတွေ ဘယ်ကိုမှ သွားမရောင်းရဲဘူး၊ လမ်းမှာစစ်ဆေးမေးမြန်းတာတွေ လုပ်တယ်၊ အခန့် မသင့်ရင် ထိုးကြိတ်ရိုက်ပုတ်တာ ခံရသေးတယ်၊ ကိုယ့်မိသားစုအတွက်တောင် စားဖို့မနည်းရှာဖွေနေရတဲ့ ကာလမှာ အဲဒီလို ဆက်ကြေးတွေပေးရတာ မတရားဘူးလို့ ထင်တယ်ဗျာ၊ ဒီဝဋ်က ဘယ်တော့ကျွတ်မလဲ မသိပါဘူး ” ဟု ၀မ်လွယ် ရွာသားတစ်ဦးက ပြောပြသွားသည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မိုင်းရှုးမြို့နယ်၊ ၀မ်လွယ်ကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာများ၌ နေ့စဉ် လှည့်လည် သွားလာပြီး ဆက်ကြေးများကောက်ခံလျှက်ရှိကြောင်း ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအား သွားရောက် သတင်း ပေးပါက တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ အချို့ရွာများမှ မိသားစုဝင်များမှာ တန့်ယန်း မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မိုင်းရှုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း မိုင်းရှုးမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စော်ဘွားလေး 
ရှမ်းသတင်းစဉ်
ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ မိုင်းရူးမြို့ နယ်၊ ၀မ်လွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ယမန်နေ့က SSA (၀မ်ဟိုင်း) အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားခဲ့သည်ဟု ဒေသခံဝန်ထမ်း တစ်ဦး၏ ပြောပြချက် အရ သိရ သည်။
“ ဟိုတစ်နေ့ မနက်ပိုင်းက ရွာထဲကို ရှမ်းစစ်သားတွေ ၀င်လာတယ်၊ တစ်အိမ်ကို ၁၀၀၀ ကနေ ၁၀၀၀၀ အထိ ကောက်သွားတာပဲ၊ တိုက်ပွဲတွေဖြစ်နေတဲ့ ကာလမှာ သူတို့ကို ဆက်ကြေးပေးနေရတာဟာ ကျွန်တော် တို့ ဒေသခံတွေအတွက် အများကြီးနစ်နာပါတယ်၊ အခုမိုင်းရှုး - တန့်ယန်းကားလမ်းကလည်း ပိတ်ထားတယ်၊ မီးသွေးဖုတ်ထားတာတွေ ဘယ်ကိုမှ သွားမရောင်းရဲဘူး၊ လမ်းမှာစစ်ဆေးမေးမြန်းတာတွေ လုပ်တယ်၊ အခန့် မသင့်ရင် ထိုးကြိတ်ရိုက်ပုတ်တာ ခံရသေးတယ်၊ ကိုယ့်မိသားစုအတွက်တောင် စားဖို့မနည်းရှာဖွေနေရတဲ့ ကာလမှာ အဲဒီလို ဆက်ကြေးတွေပေးရတာ မတရားဘူးလို့ ထင်တယ်ဗျာ၊ ဒီဝဋ်က ဘယ်တော့ကျွတ်မလဲ မသိပါဘူး ” ဟု ၀မ်လွယ် ရွာသားတစ်ဦးက ပြောပြသွားသည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မိုင်းရှုးမြို့နယ်၊ ၀မ်လွယ်ကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာများ၌ နေ့စဉ် လှည့်လည်သွားလာပြီး ဆက်ကြေးများကောက်ခံလျှက်ရှိကြောင်း ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအား သွားရောက် သတင်း ပေးပါက တစ်ရွာလုံးကိုမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ အချို့ရွာများမှ မိသားစုဝင်များမှာ တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မိုင်းရှုးမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း မိုင်းရှုးမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စော်ဘွားလေး
ရှမ်းသတင်းစဉ်

No comments:

Post a Comment