The
First Weekly Journal တွင်မြောက်ဒဂုံတွင်ေ နထိုင်ပြီး
နိုင်ငံရေးအမှုနှင့်ထောင်မှထွက်လာ သည်ဟုရေးသားဖော်ပြခံရသည့်
ဓာတ်ပုံရှင်အမျိုးသမီးမှာ စစ်ကိုင်း တိုင်းဒေသကြီးမုံရွာခရိုင်၊ဆားလင်း
ကြီးမြို့နယ်၊ တုံရွာတွင်နေထိုင်ပြီး တုံရွာတွင်ပင်မွေးဖွားကြီးပြင်းလာ
ကာနိုင်ငံရေးမှုဖြင့်ထောင်ကျခဲ့ခြင်း မရှိသူတစ်ယောက်ဖြစ်သည့် အတွက် The
First Weekly ““ကျွန်မကို မတရားစွပ်စွဲပြီး သတင်းစာမျက်နှာပေါ်မှာဖော်ပြ ခဲ့တဲ့အတွက် အသေရေဖျက်မှုနဲ့ တရားစွဲတာပါ။အမှားပြင်ဆင်ဖော် ပြပေးရင်လည်း ကျွန်မကလုံးဝ မကျေနပ်ဘူး၊တရားဥပဒေကဆုံး ဖြတ်ပေးတာကိုလက်ခံသွားမယ်”” တုံရွာတွင် မွေးဖွားကြီးပြင်လာ သည့် ဒေါ်ညိုလေးမှအတည်ပြု ပြောကြားသည်။
အဆိုပါ တုံရွာမှဒေါ်ညိုလေး က The First Weekly Journal အားတရားဆွဲစိုမှုနှင့်ပတ်သက်ပြီး အဆိုပါဂျာနယ် ဖုန်း-၀၁-၃၇၈၀၉၀အားဆက်သယ်မေးမြန်း ရာ ““အယ်ဒီတာ ဦးအောင်စိုးသူ မရှိကြောင်း၊ ဦးအောင်စိုးသူ၏ ဖုန်းနံပါတ်ကိုလည်းပေး၍မရ ကြောင်း၊တွေ့ရင်တော့ အဆိုပါ ကိစ္စအားပြောပေးမည်ဖြစ်ကြောင်း”” ယင်းဂျာနယ်မှ တာဝန်ရှိသူတစ် ဦးက ဧပြီ ၁ရက် နေ့လည် (၃) နာရီတွင် ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။ ဆားလင်းကြီး တရားရုံးမှ ဒေါ်ညိုလေး၏တရား ဆွဲမှုကိုလက်ခံပြီးရုံးသို့ ၅ရက်လျှင် ပြန်လာခိုင်းထားကြောင်း၊ ထိုနေ့ မှ ပုဒ်မကိုတပ်ပေးမည်ဖြစ်ကြောင်း ဒေါ်ညိုလေးထံမှထပ်မံသိရသည်။
မျိုးမြင့်
HotNewsWeekly
No comments:
Post a Comment