Wednesday, May 22, 2013

ကျောင်းသား တစ်ဦးလျှင် ကျပ်တစ်ထောင်နှင့် ဖတ်စာအုပ် ဗလာစာအုပ် အခမဲ့ ပေးမည်

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည့် ၂ဝ၁၃ ခုနှစ် အမျိုးသား ပညာရည်မြင့်မားရေး နှီးနှော ဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) ၌ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးက ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် တွင် ကျောင်းသား တစ်ဦးလျှင် ငွေကျပ် တစ်ထောင် အပြင် ကျောင်းသုံး ဖတ်စာ အုပ်နှင့် လေ့ကျင့်ခန်း စာအုပ်များကို အခမဲ့ ပေးအပ်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်နှင့် ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်များတွင် မူလတန်း အဆင့် ကျောင်းသား ၊ ကျောင်းသူများ အတွက် ကျောင်းသုံး ဖတ်စာအုပ်နှင့် ဗလာစာအုပ်များကို အခမဲ့ ထောက်ပံ့ပေးခဲ့ပြီး ယခုနှစ် ပညာသင်နှစ်တွင် လည်း ကျောင်းသုံး ဖတ်စာအုပ်၊ ဗလာစာအုပ်များ ဆက်လက် ထောက်ပံ့ပေးမည့် အပြင် ငွေကြေးပါ ထောက်ပံ့ပေးမည် ဖြစ်သည်။ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင် နိုင်ငံတော် အနေဖြင့် အလယ်တန်း ၊ အထက်တန်း အဆင့် ပညာသင်ဆုများကို နှစ်ဆ တိုးမြှင့်သွားမည် ဖြစ်ကြောင်းလည်း သိရ သည်။
From...မြ၀တီ

No comments:

Post a Comment