Wednesday, May 29, 2013

လားရှိုးမြို့ နောက်ဆုံးရသတင်း

လားရှိုးမြို့တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ ပြည်သူများအတွက် လုံခြုံရေးကောင်းကောင်းပေး ထားသည့် အတွက် ကျေနပ်နေကြကြောင်း ယနေ့ နံနက် 10 နာရီအချိန်တွင် ဆက်သွယ်မေးမြန်း ချက်အရသိရသည်။
မနေ့ညက ရှိုးခဲ့သော မီးကြောင့် မြိုမဗလီ နှင့် ဆိုင်ခန်းများ မီးရှိုခံရခြင်း၊ နာမည်ကြီး အစ္စလာမ်ဘာသာဝင် အချို့အိမ်များ ဖျက်ဆီးခံခဲ့ရမှုများရှိခဲ့ပြီး ယနေ့ နံနက် 1 နာရီ ၄၅ မိနစ် အချိန် တွင် မီးလောင်မှုများအား ငြိမ်းသတ်နိုင်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးကပြောသည်။

ယနေ့ နံနက်အချိန်တွင် မြို့မဈေး ပတ်လည်ရှိ ဆိုင်ခန်းများ မှာ စိုးရိမ်မှုများကြောင့် ဆိုင်များပိတ် ထားသော် လည်း အခြားနေရာများရှိဆိုင်ခန်းများမှာပုံမှန်အနေအထားအတိုင်း အရောင်း အ၀ယ်လုပ်နေ ကြကြောင်း လားရှိုးမြို့ ဒေသခံ သတင်းထောက်တစ်ဦးကပြောသည်။

Ref: Sithu Lwin
From...အင်းလေးမီဒီယာ

No comments:

Post a Comment