Wednesday, May 29, 2013

ကေအိုင်အိုနှင့် အပစ်ရပ် သဘောတူညီမှုရလျှင် တိုင်းရင်းသားအားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ ဇွန်လကုန်တွင်ကျင်းပမည်

မြစ်ကြီးနားမြို့တွင် မေ ၂၈ ရက်က ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးပွဲခန်းမအနီးတွင် KIA ဗိုလ်ချုပ်ဂွမ်မော်နှင့် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ ရင်းရင်းနှီးနှီးတွေ့ရစဉ်

 ကေအိုင်အိုနှင့်အပစ်ရပ် သဘောတူညီမှု ပြုလုပ်နိုင်ပါက တိုင်းရင်းသားအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကို ဇွန်လကုန်တွင် ပြုလုပ်မည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောကြားလိုက်
သည်။ ကေအိုင်အိုနှင့်အစိုးရ အပစ်ရပ်ပျက်ပြားပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေး နွေပွဲများကို ပြည်ပ တွင်သာ ပြုလုပ်ခဲ့ရာမှ ပထမဆုံးအဖြစ် မြစ်ကြီးနားတွင် မေ ၂၈ ရက်နေ့က ပြုလုပ်သည့် ပွဲ၌ ထိုသို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
 မေလ ၂၈ ရက်နေ့မှ ၃ဝ ရက် နေ့အထိ ၃ ရက်ကြာ ဆွေးနွေးပွဲအစ မေ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီး ဦးအောင်မင်းက အဖွင့်မိန့်ခွန်းပြောရာ၌ ”နိုင်ငံတော် သမ္မတက တိုင်းရင်းသား အားလုံးနဲ့ အပစ်အခတ် ရပ်စဲ မှုကို တော် တော်လေးလိုလားပါတယ်”ဟုပြောသည်။ ကေအိုင်အိုဘက်မှ ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေအရ ပြည်သူလူထု လိုအားတောင့် တသော အခြေ အနေ ကို ဖန်တီးမည်ဟု ပြော သည်။
 ကုလသမဂ္ဂနှင့် တရုတ်သံအရာ ရှိတို့ လေ့လာသူအဖြစ်  ပါဝင်သော ယခု ဆွေးနွေး ပွဲတွင် ကေအိုင်အို ဘက်က ဦးစောလဂန်၊ ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် အင်အား ၃ဝ ခန့်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့ဝင် အင်အား ၂ဝ ကျော်နှင့် ကာ ကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာ
ကုန်လွှဲအပ်ထားသော ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ခေါင်းဆောင်သည့် စစ်ဖက်အရာရှိတို့ တက်ရောက်ခဲ့ကြ သည်။ Myanmar Peace Center မှ ဒေါက်တာ မင်းဇော်ဦးက ”ဒီတစ်ခေါက် ဆွေးနွေးမှုကအရင်ထက် စာရင် ပိုအားရတယ်။ ယုံကြည်မှုလည်းတိုးလာတယ်။ မေ ၂၈ ရက်အထိတော့ ဝိဝါဒ ကွဲပြားမှု သိပ် မရှိဘူး ”ဟု ပြောသည်။ ယခုတစ်ခေါက်ဆွေးနွေးမှုမှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ရှောင် ဒုက္ခ သည်များ နေရပ်ပြန်ကြရေးအတွက် ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးနိုင်ရန် အပြန်အလှန် ဆွေးနွေး ကြခြင်း တို့ ပြု လုပ်ကြကြောင်း ၎င်းက ဆိုသည်။ ကေအိုင်အိုဘက်မှ ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ဦးစောလဂန်က ”တစ်ဖက်နဲ့ တစ်ဖက်အပြစ်တင်နေ့မဲ့ အစား ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ပဲ မျှော်လင့်တယ်” ဟု ပြောသည်။ ပြည်တွင်း တွင် ဆွေးနွေးပွဲ ကျင်းပ နိုင်ခြင်းအပေါ် အရပ်ဖက် အဖွဲ့အစည်း များနှင့် ဒေသခံ များက ကြိုဆိုကြပြီး၊ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ရလဒ် အပေါ် မျှော်လင့်နေသည် ဟု မြစ်ကြီးနား ဒေသခံ အချို့က ပြောသည်။
မင်းသုအောင်
From...PopularMyanmar.com

No comments:

Post a Comment