Thursday, May 30, 2013

အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

Photo: အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

International က မုန်တိုင်း အဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်းဝင်တော့မယ် ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအား လေဖိအားနည်းရပ်ဝန်း (94B) ဖြတ်ကျော်ဝင်ရောက်မည့် သတိပေးချက် ထုတ်ပြန်ခြင်း

လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၇ နာရီမှ ၈ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီ) တွင် ကမ်းခြေကို စတင်၍ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း၊

 လေဖိအားနည်းရပ်ဝန်း၏ ဗဟိုသည် 2030 IST (မြန်မာစံတော်ချိန် ည ၉ နာရီခွဲ)တွင် Canning မြို့ အနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊

 နောက် ၃၆ နာရီအထိ အနောက်ဘင်္ဂလားပြည်နယ်တွင် မိုးသည်းထန်ရာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ အဆိုပါဒေသများတွင် ကီလိုမီတာ ၆ဝ နှုန်းအထိ လေပြင်းတိုက်ခတ်ခြင်းရှိမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်အမှတ် Bulletin No.: BOB 02/2013/05 ဖြင့် ထုတ်ပြန်ထားပါသည်။

ဒီနေ့ည ပါ - Bulletin မူရင်း PDF လင့်ပါ http://www.imd.gov.in/section/nhac/dynamic/cwind.pdf

Posted From mmweather Page
International က မုန်တိုင်းအဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်း ဝင်တော့မယ်ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။
အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအား လေဖိအားနည်းရပ်ဝန်း (94B) ဖြတ်ကျော်ဝင်ရောက်မည့် သတိပေးချက် ထုတ်ပြန်ခြင်း

လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၇ နာရီမှ ၈ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီ) တွင် ကမ်းခြေကို စတင် ၍ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း၊

လေဖိအားနည်းရပ်ဝန်း၏ ဗဟိုသည် 2030 IST (မြန်မာစံတော်ချိန် ည ၉ နာရီခွဲ)တွင် Canning မြို့ အနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားပြီး နောက် ၁၂ နာရီအတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊

နောက် ၃၆ နာရီအထိ အနောက်ဘင်္ဂလားပြည်နယ်တွင် မိုးသည်းထန်ရာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ အဆိုပါဒေသများတွင် ကီလိုမီတာ ၆ဝ နှုန်းအထိ လေပြင်းတိုက်ခတ်ခြင်း ရှိမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်အမှတ် Bulletin No.: BOB 02/2013/05 ဖြင့် ထုတ်ပြန် ထား ပါသည်။

Posted From mmweather Page

No comments:

Post a Comment