Thursday, May 30, 2013

တပ်မတော် အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား

Photo: တပ်မတော် အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား
Thursday, May 30, 2013

ခေတ်စနစ် ပြောင်းသွားသည်နှင့်အညီ တပ်မတော်အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မေ ၂၉ ရက်တွင် ပြောကြားလိုက်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် ဆွေးနွေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထူးအာဏာကုန် လွှဲအပ်ပေးထားသူဖြစ်ပြီး မေ ၂၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၌ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်ပြောချင်တာက လူထုရဲ့အသံ၊ ဒီကနေ့ ခေတ်ပြောင်းသွားတယ်။ စနစ် ပြောင်းသွားတယ်။ လူထုအသံ အရေးကြီးတယ်။ အခြေအနေတွေ ပြောင်းသွားတယ်။ ကျွန်တော်တို့လည်း တပ်ဆိုပြီးတော့  ကျွန်တော်တို့လည်း လုပ်ချင်ရာ လုပ်လို့မရပါဘူး။ အနေအထားတွေက အများကြီး ပြောင်းသွားပြီ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို ရှင်းလင်းပြောကြားရာ၌ ဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းရာ၌ အများဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထပ်မံပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့က ကျွန်တော်တို့ ပြောတာပဲ လုပ်ရမယ် ဆိုတာမျိုး ဒီကနေ့ခေတ်မှာ မရှိတော့ပါဘူး။ ဒီနေ့ ဒီမိုကရေစီ လမ်းကြောင်းမှာ အများဆန္ဒ၊ အများရဲ့ ဆန္ဒကို လိုက်ပါပြီး လုပ်တဲ့အခါ တပ်မတော်လည်း ဒီအတိုင်းပါပဲ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရန် တပ်မတော်က လိုလားပြီး ငြိမ်းချမ်းရေး ရရှိရန် အစွမ်းကုန် ကြိုးစားနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။

"ကျွန်တော်တို့လည်း ငြိမ်းချမ်းချင်ပြီ။ ကချင်ပြည်နယ်ကြီးကို ငြိမ်းချမ်းချင်ပြီဗျာ။ ဒီလိုငြိမ်းချမ်းဖို့ အေးချမ်းဖို့ဆိုရင် ကျွန်တော်တို့ တပ်ချည်းပဲ တာဝန်ရှိသလား။ ဘယ်သူတွေကရော တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့ လူမှန်သမျှ ၀ိုင်းကူရမယ်။ လိုပါတယ်။ အင်အားတွေ လိုပါတယ်။ ကျွန်တော်တို့ လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

မေ ၂၈ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တိုးတက်မှု ရှိကြောင်း၊ မြစ်ကြီးနားတွင် ဆွေးနွေးနိုင်သည့် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဆက်လက်ဆိုးဝါးနိုင်ဖွယ် မရှိတော့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

"ကျွန်တော် ထင်ပါတယ်။ အခုထက် ဆိုးဆိုးဝါးဝါး ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။
ကချင်ဘာသာရေး ခေါင်းဆောင်များဘက်မှ ပြန်လည်ဆွေးနွေးမှုတွင် ဒေသခံများ အနေဖြင့် တပ်ဆိုသည့် အသံကြားရုံမျှပင် ကြောက်ရွံ့နေပြီး ထိုသို့ ကြောက်ရွံ့နေခြင်း စိတ်ဒဏ်ရာကို ဦးစွာကုစားရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။  

EMG
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြစ်ကြီးနားမြို့တွင် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြစ်ကြီးနားမြို့တွင် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ခေတ်စနစ် ပြောင်းသွားသည်နှင့်အညီ တပ်မတော်အနေဖြင့် လုပ်ချင်ရာ လုပ်မည် မဟုတ်ဘဲ ပြည်သူ လူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က မေ ၂၉ ရက်တွင် ပြောကြားလိုက်ပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အထူးအာဏာကုန် လွှဲအပ်ပေးထားသူဖြစ်ပြီး မေ ၂၉ ရက် နံနက်ပိုင်း က မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၌ ကချင် ဘာသာရေး ခေါင်းဆောင် များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်ပြောချင်တာက လူထုရဲ့အသံ၊ ဒီကနေ့ ခေတ်ပြောင်းသွားတယ်။ စနစ် ပြောင်းသွားတယ်။ လူထုအသံ အရေးကြီးတယ်။ အခြေအနေတွေ ပြောင်းသွားတယ်။ ကျွန်တော်တို့လည်း တပ်ဆိုပြီးတော့ ကျွန်တော်တို့လည်း လုပ်ချင်ရာ လုပ်လို့မရပါဘူး။ အနေအထားတွေက အများကြီး ပြောင်းသွားပြီ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို ရှင်းလင်းပြောကြားရာ၌ ဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းရာ၌ အများဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ထပ်မံပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့က ကျွန်တော်တို့ ပြောတာပဲ လုပ်ရမယ် ဆိုတာမျိုး ဒီကနေ့ခေတ်မှာ မရှိတော့ပါဘူး။ ဒီနေ့ ဒီမိုကရေစီ လမ်းကြောင်းမှာ အများဆန္ဒ၊ အများရဲ့ ဆန္ဒကို လိုက်ပါပြီး လုပ်တဲ့အခါ တပ်မတော်လည်း ဒီအတိုင်းပါပဲ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရန် တပ်မတော်က လိုလားပြီး ငြိမ်းချမ်းရေး ရရှိရန် အစွမ်းကုန် ကြိုးစားနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။

"ကျွန်တော်တို့လည်း ငြိမ်းချမ်းချင်ပြီ။ ကချင်ပြည်နယ်ကြီးကို ငြိမ်းချမ်းချင်ပြီဗျာ။ ဒီလိုငြိမ်းချမ်းဖို့ အေးချမ်း ဖို့ဆိုရင် ကျွန်တော်တို့ တပ်ချည်းပဲ တာဝန်ရှိသလား။ ဘယ်သူတွေကရော တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့ လူမှန်သမျှ ၀ိုင်းကူရမယ်။ လိုပါတယ်။ အင်အားတွေ လိုပါတယ်။ ကျွန်တော်တို့ လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်" ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

မေ ၂၈ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တိုးတက်မှု ရှိကြောင်း၊ မြစ်ကြီးနားတွင် ဆွေးနွေးနိုင်သည့် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဆက်လက်ဆိုးဝါးနိုင်ဖွယ် မရှိတော့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

"ကျွန်တော် ထင်ပါတယ်။ အခုထက် ဆိုးဆိုးဝါးဝါး ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး" ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။
ကချင်ဘာသာရေး ခေါင်းဆောင်များဘက်မှ ပြန်လည်ဆွေးနွေးမှုတွင် ဒေသခံများ အနေဖြင့် တပ်ဆိုသည့် အသံကြားရုံမျှပင် ကြောက်ရွံ့နေပြီး ထိုသို့ ကြောက်ရွံ့နေခြင်း စိတ်ဒဏ်ရာကို ဦးစွာကုစားရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။

EMG

No comments:

Post a Comment