Monday, May 13, 2013

မုန်တိုင်း အန္တရာယ် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းတစ်ခုလုံးနှင့် ဧရာဝတီတိုင်းအနောက်ခြမ်းကို နှိုးဆော်အဆင့်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း သတိပေးအဆင့်ထားရန် ဦးထွန်းလွင်ပြော၊မေ ၁၃ ရက်၊ ညနေ ၆း၅၄ ခန့်မှန်းချက်

အားလုံးဟာ အရင်ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ။ ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ ခန့်မှန်းချက် အပြောင်းအလဲ မရှိသေးပါ။
မေလ (၁၂)ရက် တစ်နေ့လုံး မဟာဆန်သူဟာ အနောက်မြောက်ဖက်ကိုဘဲ ရွေ့လျှားနေခဲ့တာ မေ ၃ ရက် မနက်ပိုင်းအထိပါဘဲ။ နောက်တော့ အနောက်မြောက်ဖက် ဦးတည်ရာ ကနေ မြောက်ဖက် ကို ပြောင်းရွေ့ လာခဲ့ပါတယ်။ ဒါဟာကွေ့တော့မယ့် အခြေအနေကို ပြသနေတာဘဲဖြစ်ပါတယ်။ (၁၃-၉-၂၀၁၃) ရက် ညသန်းကောင်ယံလောက်မှာတော့ မြောက်အရှေ့ယွန်းယွန်း (NNE) စတင်ရွေ့တော့မယ်လို့ခန့်မှန်း ထားပါတယ်။ ရွေ့ပြီဆိုတာနဲ့ မြန်မာ့ကမ်းရိုးတန်းဟာ ခြိမ်းခြောက်မှုစတင်ခံရပါပြီ။

အချိန်နဲ့လိုက်ပြီး အမြဲမပြတ်ကြည့်ရတော့မှာပါဘဲ။ နောက်ဆုံးအခြေအနေကို ညပိုင်းမှာ တင်ပေးပါ့မယ်။
ကွေ့တာနဲ့ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်းတစ်ခုလုံး ဧရာဝတီတိုင်းအနောက်ခြမ်းနဲ့ ရခိုင် ကမ်းရိုးတန်းတစ်ခုလုံးကို နှိုးဆောင်အဆင့် အနည်းဆုံးထားပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုတော့ သီးသန့် သတိပေးအဆင့် ထားရပါလိမ့်မယ်။
လောလောဆယ်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နား က ဖြတ်မယ်လို့ခန့်မှန်း ထားဆဲ ဖြစ်ပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)

No comments:

Post a Comment