Monday, May 13, 2013

ဘားအံမြို့နယ် ကျုံဖဲကျေးရွာတွင် ဘဲအကောင် ၄ဝဝ ခန့် အဆိပ်သင့် သေဆုံး

Photo: ဘားအံမြို့နယ် ကျုံဖဲကျေးရွာတွင် ဘဲအကောင် ၄ဝဝ ခန့် အဆိပ်သင့် သေဆုံး
Monday, May 13, 2013

ကရင်ပြည်နယ် ဘားအံမြို့ ကျုံဖဲကျေးရွာနေ ဦးရဲထွန်း ဘဲအကောင် ၄ဝဝ ခန့် ကျုံဖဲကျေးရွာ အရှေ့ လယ်ကွင်းတွင် မေ ၁ဝ ရက် နံနက် ၉ နာရီခွဲက စားကျက်ချစဉ် သေဆုံးကြောင်း လာရောက် သတင်းပို့ခဲ့ သဖြင့် အခင်းဖြစ်နေရာသို့ ဇာသပြင် ရဲစခန်းမှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ကျုံဖဲကျေးရွာ အရှေ့ဘက် တစ်ဖာလုံခန့်၊ ကျုံဖဲ-ကျားကလေးလမ်း တောင် ဘက် လယ်ကွင်းအနီး ကိုက် ၁ဝဝ ခန့်ပတ်လည် အတွင်း၌ ဘဲများ ပြန့်ကျဲ၍ သေဆုံးလျက် တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ဘဲကျောင်းသူ ဦးတင်မြင့် ၅၂ နှစ် (ဘ) ဦးအောင်သန်းက ဘဲအကောင် ၁၄ဝဝ ခန့်အား စားကျက် ချလာစဉ် နံနက် ၈ နာရီခန့်တွင် အခင်းဖြစ်ရာ နေရာအရောက်၌ ဘဲအချို့ ရုတ်တရက် သေဆုံးသဖြင့် ဘဲများအား မောင်းပြေး ခဲ့သော်လည်း ဘဲအကောင် ၄ဝဝ ကျော်ခန့်မှာ ထိုနေရာတွင် သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ဘားအံခရိုင် တိ/မွေးကုဌာနမှ ခရိုင်ဦးစီးမှူး နီနီမော်၊ မြို့နယ်တိ/မွေးကုဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာ ဟန်ထွန်းဇော်၊ မြို့နယ် ကျန်းမာရေးဌာနမှ လက်ထောက် ကျန်းမာရေးမှူး စောလယ်ဝါး၊ ဇာသပြင် တိုက်နယ် ဆရာဝန် ဒေါက်တာ ကျော်မင်းဦးနှင့် အဖွဲ့များသည် ဘဲများ သေဆုံး ရာနေရာသို့ ရောက်ရှိပြီး ခွဲစိတ်စမ်းသပ်ခဲ့ရာ ဘဲများမှာ အဆိပ်သင့်ကြောင်း၊ အဆိပ်သင့် ဘဲများအနက်မှ နှစ်ကောင်အား ၄င်းအဖွဲ့မှ ဓာတ်ခွဲ စစ်ဆေးရန် ယူဆောင်သွားကြောင်းနှင့် သေဆုံးသွားသည့် ဘဲများအား ကျေးရွာသူ၊ ကျေးရွာသားများ စားသုံးမှု မဖြစ်စေရန် မြေမြှုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကရင်ပြည်နယ် ဘားအံမြို့ ကျုံဖဲကျေးရွာနေ ဦးရဲထွန်း ဘဲအကောင် ၄ဝဝ ခန့် ကျုံဖဲကျေးရွာ အရှေ့ လယ်ကွင်းတွင် မေ ၁ဝ ရက် နံနက် ၉ နာရီခွဲက စားကျက်ချစဉ် သေဆုံးကြောင်း လာရောက် သတင်းပို့ခဲ့ သဖြင့် အခင်းဖြစ်နေရာသို့ ဇာသပြင် ရဲစခန်းမှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ကျုံဖဲကျေးရွာ အရှေ့ဘက် တစ်ဖာလုံခန့်၊ ကျုံဖဲ-ကျားကလေးလမ်း တောင်ဘက် လယ်ကွင်းအနီး ကိုက် ၁ဝဝ ခန့် ပတ်လည် အတွင်း၌ ဘဲများ ပြန့်ကျဲ၍ သေဆုံးလျက် တွေ့ရှိရသည်။
ဖြစ်စဉ်မှာ ဘဲကျောင်းသူ ဦးတင်မြင့် ၅၂ နှစ် (ဘ) ဦးအောင်သန်းက ဘဲအကောင် ၁၄ဝဝ ခန့်အား စားကျက်ချလာစဉ် နံနက် ၈ နာရီခန့်တွင် အခင်းဖြစ်ရာ နေရာအရောက်၌ ဘဲအချို့ ရုတ်တရက် သေဆုံး သဖြင့် ဘဲများအား မောင်းပြေး ခဲ့သော်လည်း ဘဲအကောင် ၄ဝဝ ကျော်ခန့်မှာ ထိုနေရာတွင် သေဆုံး ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ဘားအံခရိုင် တိ/မွေးကုဌာနမှ ခရိုင်ဦးစီးမှူး နီနီမော်၊ မြို့နယ်တိ/မွေးကုဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာ ဟန်ထွန်းဇော်၊ မြို့နယ် ကျန်းမာရေးဌာနမှ လက်ထောက် ကျန်းမာရေးမှူး စောလယ်ဝါး၊ ဇာသပြင် တိုက်နယ် ဆရာဝန် ဒေါက်တာ ကျော်မင်းဦးနှင့် အဖွဲ့များသည် ဘဲများ သေဆုံး ရာနေရာသို့ ရောက်ရှိပြီး ခွဲစိတ်စမ်းသပ်ခဲ့ရာ ဘဲများမှာ အဆိပ် သင့်ကြောင်း၊ အဆိပ်သင့် ဘဲများအနက်မှ နှစ်ကောင်အား ၄င်းအဖွဲ့မှ ဓာတ်ခွဲ စစ်ဆေးရန် ယူဆောင် သွားကြောင်းနှင့် သေဆုံးသွားသည့် ဘဲများအား ကျေးရွာသူ၊ ကျေးရွာသားများ စားသုံးမှု မဖြစ်စေ ရန် မြေမြှုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment