Wednesday, May 8, 2013

နေရပ်ဒေသသို့ပြန်လည်နေထိုင်လိုသူ ဒုက္ခသည်များ ပြန်ခွင့်မရ၍ အခက်တွေ့

ကချင်ပြည်နယ်အတွင်း  စစ်ပွဲများဒဏ်ကြောင့် ဒုက္ခသည်အဖြစ်နေထိုင်သူများဟာ ယခုအခါမှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီလို့ မိမိတို့ရဲ့ရွာဆီမှာ ပြန်လည်နေထိုင်လိုကြသော်လည်း KIA ဗဟိုမှ ခွင့်ပြုပေးခြင်း မရှိသည့် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရှိရပါသည်။

 ပြည်နယ်အစိုးရ၏ ထိန်းချုပ်မှု အောက်မှာရှိသည့် ဒုက္ခသည်စခန်းက သူတွေကတော့သူတို့ ဆန္ဒ အလျောက်နေထိုင်ခွင့် ရသော်လည်း KIA ထိန်းချုပ်ထားသည့် မိုင်းဂျာယန်၊ အုံလုံစခန်းက ဒုက္ခသည်များမှာ ဗဟိုမှခွင့်ပြုချက်မရသောကြောင့် ပြန်ခွင့်မ ရကြောင်း ဒုက္ခသည် အရေးများကို လုပ်ဆောင်ပေးနေ သည်သူ များ၏ ပြောပြချက်အရသည်ရှိရပါသည်။

မိုင်ဂျာယန်၊ အုံလုံစခန်းမှ ဒုက္ခသည်များ စုပေါင်းပြီး မိမိတို့ရွာများသို့ ပြန်ရန်အတွက် ဗဟိုဌာနချုပ် သို့ မေလ ၅ရက်နေ့ က တောင်းဆို ထားသော်လည်း အဖိုးအိုအဖွားအို၊ ကလေးငယ်များ မိုးတွင်းကာလမှာ ကျန်းမာရေး စိုးရိမ်မှုကို အကြောင်းပြ ချက်ဖြင့် ဗဟိုမှ ခွင့်ပြုခြင်းမရှိကြောင်း သိရှိရပါသည်။

“ ဌာနချုပ်ကတော့ ဒုက္ခသည်တွေကို ရွာတွေဆီပြန်လည်နေထိုင်ဖို့ ခွင့်မပြုခဲ့ကြ ပါဘူး။ နေရပ် ပြန်ချင်သူ တိုင်းကို ပြန်ခွင့်ပေးလိုက်ရင်သူတို့အတွက်စားပေါက်ပိတ်သွားမှာပေါ့။ ဒုက္ခသည်အများအပြား ရှိနေရင် ဒီဒုက္ခသည်တွေအတွက် ပေးပို့ထောက်ပံ့မှုတွေရှိနေတာကြောင့် ဒုက္ခသည်တွေမရှိရင် သူတို့အတွက် အကြောင်းပြစရာမရှိတော့မှာမို့လို့ ဗဟိုကခွင့်ပြုချက် မပေးတာလေ။ ထောက်ပံ့တဲ့သူတွေ ကတော့ ထောက် ပံ့တာဘဲ ဒါပေမယ့် ဒုက္ခသည်တွေဆီကို နည်းနည်းလေးဘဲရောက်တာ တပ်ဖွဲ့ ဝင်တွေကို အရင်ပေးပြီးမှ ကျန်တာကိုဒုက္ခသည်တွေကို ပေးတာလေ ဒုက္ခသည်တွေမရှိရင် ထောက်ပံ့မှုတွေမရတော့ KIA အတွက် ရိက္ခာအခက်တွေနိုင်တယ်လေဗျာ” ဟု လိုင်ဇာမှ ဦးအင်စခုန်မှပြောပြခဲ့ပါသည်။ KIA ကြောင့် အကူအညီ များရှိနေသော်လည်း  ဒုက္ခသည်များက အစား အသောက် ပြည့်ပြည့်စုံမရရှိကြောင်း သိရှိခဲ့ရပါသည်။
 
From....ကချင်နေ့စဉ်သတင်း

No comments:

Post a Comment