Wednesday, May 8, 2013

“အမေရိကန်တွင် ၁၀ နှစ်ကြာ ပျောက်ဆုံးနေသည့် မိန်းကလေးများကို ကယ်တင်နိုင်ခဲ့”

Photo: “အမေရိကန်တွင် ၁၀ နှစ်ကြာ ပျောက်ဆုံးနေသည့် မိန်းကလေးများကို ကယ်တင်နိုင်ခဲ့”

ဆယ်ကျော်သက်အရွယ် လွန်ခဲ့သည့် (၁၀)နှစ် ဝန်းကျင်က ပျောက်ဆုံးသွားသည့် မိန်းကလေး (၃)ဦးကို ယခုအခါ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုရှိ ကလိဗ်လန်းမှ မြေတိုက် အကျဉ်းခန်း တစ်ခုတွင် ရှိနေသော အမျိုးသမီး (၃)ဦးကို ယခုအခါ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ရဲများက ဆိုသည်။ 

သူမတို့ကို ဖမ်းဆီးထားသည့် အသက်(၅၂)နှစ်အရွယ် အမျိုးသား တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အာမန်ဒါဘယ်ရီသည် သူမအသက် (၁၆)နှစ်အရွယ် (၂၀၀၃)ခုနှစ်က ပျောက်ဆုံးသွားခဲ့သည်။ ဂျီနာ ဒီဂျီးဆက်စ်မှာမူ (၂၀၀၄)ခုနှစ်က အသက်(၁၄)နှစ် အရွယ်တွင် ပျောက်ကွယ်သွားသည်။ 

မစ်ချယ်လ်နိုက်မှာ သူမတို့ထက် စောပြီး (၂၀၀၀)ပြည့်နှစ်၊ အသက်(၂၀) အရွယ်ကတည်းက ပျောက်ချင်းမလှ ပျောက်သွားခဲ့သူ ဖြစ်သည်။ 
ယခုအခါ သူမတို့ (၃)ဦးလုံးကို ကလိဗ်လန်းရှိ နေအိမ်တစ်ခုမှ မြေအောက် အကျဉ်းခန်းထဲတွင် တွေ့ရှိခဲ့ပြီး ဒေသဆိုင်ရာ ဆေးရုံ တစ်ခုသို့ တင်ပို့ ကုသစေခဲ့သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21495

ဆယ်ကျော်သက်အရွယ် လွန်ခဲ့သည့် (၁၀)နှစ် ဝန်းကျင်က ပျောက်ဆုံးသွားသည့် မိန်းကလေး (၃)ဦးကို ယခု အခါ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုရှိ ကလိဗ်လန်း မှ မြေတိုက် အကျဉ်းခန်းတစ်ခုတွင်ရှိနေသော အမျိုးသမီး(၃)ဦးကို ယခုအခါ အောင်မြင်စွာ ကယ်ထုတ်နိုင် ခဲ့ကြောင်း ရဲများက ဆိုသည်။

သူမတို့ကို ဖမ်းဆီးထားသည့် အသက်(၅၂)နှစ်အရွယ် အမျိုးသား တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ သည်။ အာမန်ဒါဘယ်ရီသည် သူမအသက် (၁၆)နှစ်အရွယ် (၂၀၀၃)ခုနှစ်က ပျောက်ဆုံးသွားခဲ့သည်။ ဂျီနာ ဒီဂျီးဆက်စ်မှာမူ (၂၀၀၄)ခုနှစ်က အသက်(၁၄)နှစ် အရွယ်တွင် ပျောက်ကွယ်သွားသည်။

မစ်ချယ်လ်နိုက်မှာ သူမတို့ထက် စောပြီး (၂၀၀၀)ပြည့်နှစ်၊ အသက်(၂၀) အရွယ်ကတည်း က ပျောက်ချင်း မလှ ပျောက်သွားခဲ့သူ ဖြစ်သည်။
ယခုအခါ သူမတို့ (၃)ဦးလုံးကို ကလိဗ်လန်းရှိ နေအိမ်တစ်ခုမှ မြေအောက် အကျဉ်းခန်းထဲ တွင် တွေ့ရှိ ခဲ့ပြီး ဒေသဆိုင်ရာ ဆေးရုံ တစ်ခုသို့ တင်ပို့ ကုသစေခဲ့သည်။

From...
Planet Myanmar Network

No comments:

Post a Comment