Monday, May 13, 2013

၅ ထောင်တန် ငွေစက္ကူ သိန်း(၂၇၀) ဖမ်းမိခြင်း၏ အဓိက တရားခံအား လိုင်ဇာဌာနချုပ်မှ ကာကွယ်ထား

၅ ထောင်တန် ငွေစက္ကူ သိန်း(၂၇၀) ဖမ်းမိခြင်း၏ အဓိက တရားခံအား လိုင်ဇာဌာနချုပ်မှ ကာကွယ်ထား
================================================
ပြီးခဲ့သည့် လအတွင်း ဖမ်းဆီးမိခဲ့သည့် ကုဋေ (၂၀)ကျော် တန်ဖိုးပါဝင်သော ၅ ထောင်တန် အတုများ၏ အဓိက တရားခံ ဖြစ်သူမှာ KIA အဖွဲ့မှ ဖြစ်ကြောင်း၊ ၄င်းအား ဖမ်းဆီးရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ အစိုးရ တို့ မှ အလိုရှိနေသော်လည်း ကေအိုင်အေ အဖွဲ့မှ လိုင်ဇာဌာနချုပ်တွင် ထ...ား၍ ကာကွယ်ပေးထားသဖြင့် အခက်ကြုံ နေရကြောင်း သိရသည်။

အဆိုပါ ၅ ထောင်တန် အတုများအား သယ်ဆောင်လာသူ (၃) ဦးအား ဖမ်းဆီးရမိပြီးနောက် ငွေတု စက်များ နှင့် ဆက်စပ်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့သည်။ သတင်းကွင်းဆက်များအရ ယခုဖမ်းမိသည့် ငွေထက်(၂)ဆ ခန့် များပြားသည့် ကုဋေ (၄၀) ကျော် ၅၀၀၀ တန် ငွေစက္ကူအတုများ အဆိုပါ KIA အဖွဲ့မှ အရာရှိ တစ်ဦးနှင့် အတူ ပါသွားကြောင်း၊ မိမိတို့အနေဖြင့် သတင်းအတိအကျ ရသော်လည်း တရားဥပဒေသည် KIA လက်ထဲတွင် ရှိ နေသည့် လိုင်ဇာသို့ ၀င်၍ ရှာမရသောကြောင့် တားဆီးထိန်းသိမ်းရန် အခက်အခဲဖြစ်နေကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

KIA ဌာနချုပ်တွင် ၅ ထောင်တန် ငွေစက္ကူအတုများ အလုံးအရင်း ရှိနေမှုကြောင့် ကချင်ပြည်နယ် အတွင်း စီးပွားရေး သမားများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေပြီး မြစ်ကြီးနားမြို့တွင်လည်း ၅ ထောင်တန်များ မသုံးရဲ သလောက် ဖြစ်နေကြောင်း သိရသည်။

၅ ထောင်တန် အတုတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစား ဗဟိုတဏ်ဟု ဘ နှင့် တ မှားရိုက် ထားကြောင်း သိရသည်။
ဓာတ်ပုံ- KIA အရာရှိမှ ငွေစက္ကူအတုများ သယ်ဆောင်ပေးရန် ခိုင်းစေသောကြောင့် လုပ်ခဲ့ရပါသည် ဟု ဆိုသော ကုဋေ ၂၀ ကျော် တန်ဖိုးရှိ ၅ ထောင်တန်များနှင့် ဖမ်းမိသည့် အမျိုးသမီး

Opposite Eye
ဓာတ်ပုံ- KIA အရာရှိမှ ငွေစက္ကူအတုများ သယ်ဆောင်ပေးရန် ခိုင်းစေသောကြောင့် လုပ်ခဲ့ရပါသည် ဟု ဆိုသော ကုဋေ ၂၀ ကျော် တန်ဖိုးရှိ ၅ ထောင်တန်များနှင့် ဖမ်းမိသည့် အမျိုးသမီး
ပြီးခဲ့သည့် လအတွင်း ဖမ်းဆီးမိခဲ့သည့် ကုဋေ (၂၀)ကျော် တန်ဖိုးပါဝင်သော ၅ ထောင်တန် အတုများ၏ အဓိကတရားခံ ဖြစ်သူမှာ KIA အဖွဲ့မှ ဖြစ်ကြောင်း၊ ၄င်းအား ဖမ်းဆီးရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ အစိုးရတို့မှ အလိုရှိနေသော်လည်း ကေအိုင်အေအဖွဲ့မှ လိုင်ဇာဌာနချုပ်တွင် ထ...ား၍ ကာကွယ်ပေးထား သဖြင့် အခက်ကြုံ နေရကြောင်း သိရသည်။

အဆိုပါ ၅ ထောင်တန် အတုများအား သယ်ဆောင်လာသူ (၃) ဦးအား ဖမ်းဆီးရမိပြီးနောက် ငွေတု စက် များ နှင့် ဆက်စပ်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့သည်။ သတင်းကွင်းဆက်များအရ ယခုဖမ်းမိသည့် ငွေ ထက်(၂)ဆခန့်များပြားသည့် ကုဋေ (၄၀) ကျော် ၅၀၀၀ တန် ငွေစက္ကူအတုများ အဆိုပါ KIA အဖွဲ့မှ အရာရှိ တစ်ဦးနှင့် အတူ ပါသွားကြောင်း၊ မိမိတို့အနေဖြင့် သတင်းအတိအကျ ရသော်လည်း တရား ဥပဒေသည် KIA လက်ထဲတွင် ရှိနေသည့် လိုင်ဇာသို့ဝင်၍ရှာမရသောကြောင့် တားဆီးထိန်းသိမ်းရန် အခက်အခဲဖြစ်နေကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

KIA ဌာနချုပ်တွင် ၅ ထောင်တန် ငွေစက္ကူအတုများ အလုံးအရင်း ရှိနေမှုကြောင့် ကချင်ပြည်နယ် အတွင်း စီးပွားရေးသမားများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေပြီး မြစ်ကြီးနားမြို့တွင်လည်း ၅ ထောင်တန်များ မသုံးရဲ သလောက် ဖြစ်နေကြောင်း သိရသည်။

၅ ထောင်တန် အတုတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစား ဗဟိုတဏ်ဟု ဘ နှင့် တ မှားရိုက် ထားကြောင်း သိရသည်။

From...Opposite Eye

No comments:

Post a Comment