Friday, May 31, 2013

“ပြင်သစ်တွင် လိင်တူချင်း ပထမဆုံးအကြိမ် တရားဝင် လက်ထပ်ထိမ်းမြား”

Photo: “ပြင်သစ်တွင် လိင်တူချင်း ပထမဆုံးအကြိမ် တရားဝင် လက်ထပ်ထိမ်းမြား”

ဆန္ဒပြ ဆန့်ကျင်မှုများ အင်အားကြီးမားစွာ ပေါ်ပေါက်နေသော်လည်း ပြင်သစ်နိုင်ငံတွင် ပထမဆုံးအကြိမ် လိင်တူချင်း ထိမ်းမြားလက်ထပ်မည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ (၆)နှစ်ကြာ အတူတကွ ပေါင်းသင်းနေထိုင်လာသော အမျိုးသား (၂)ဦးသည် ဗုဒ္ဓဟူးနေ့က နိုင်ငံတောင်ပိုင်း မွန့်ပယ်လီယေးရှိ မြို့တော် ခန်းမတွင် လက်ထပ် ထိမ်းမြားခဲ့သည်။

နိုင်ငံအတွင်း လိင်တူချင်း ထိမ်းမြားမှုကို တရားဝင် ခွင့်ပြုခဲ့ပြီးနောက် ယင်းအခြေအနေသည်အငြင်းပွားစရာများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသလို လမ်းပေါ်ထွက် ဆန္ဒပြမှုများ၊ အဓိကရုဏ်းများထံသို့ပါ ဦးတည်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အနက်ရောင် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် သတို့သား (၂)ဦးဖြစ်သော ဗင်းဆင့်အော်ဘင်နှင့် ဘရူနိုဘွိုင်လူအော်တို့သည် ပြင်သစ်တွင် ပထမဆုံး တရားဝင် လက်ထပ်သူ လိင်တူစုံတွဲ ဖြစ်လာခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21658
ဆန္ဒပြ ဆန့်ကျင်မှုများ အင်အားကြီးမားစွာ ပေါ်ပေါက်နေသော်လည်း ပြင်သစ်နိုင်ငံတွင် ပထမဆုံးအကြိမ် လိင်တူချင်း ထိမ်းမြားလက်ထပ်မည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ (၆)နှစ်ကြာ အတူတကွ ပေါင်းသင်းနေထိုင်လာသော အမျိုးသား (၂)ဦးသည် ဗုဒ္ဓဟူးနေ့က နိုင်ငံတောင်ပိုင်း မွန့်ပယ်လီယေးရှိ မြို့တော် ခန်းမတွင် လက်ထပ် ထိမ်းမြားခဲ့သည်။

နိုင်ငံအတွင်း လိင်တူချင်း ထိမ်းမြားမှုကို တရားဝင် ခွင့်ပြုခဲ့ပြီးနောက် ယင်းအခြေအနေသည် အငြင်းပွား စရာများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသလို လမ်းပေါ်ထွက် ဆန္ဒပြမှုများ၊ အဓိကရုဏ်းများထံသို့ပါ ဦးတည်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အနက်ရောင် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် သတို့သား (၂)ဦးဖြစ်သော ဗင်းဆင့်အော်ဘင်နှင့် ဘရူနိုဘွိုင်လူအော်တို့သည် ပြင်သစ်တွင် ပထမဆုံး တရားဝင် လက်ထပ်သူ လိင်တူစုံတွဲ ဖြစ်လာခဲ့သည်။

From....
Planet Myanmar Network

No comments:

Post a Comment