Wednesday, May 29, 2013

နှစ်နိုင်ငံ စွမ်းအင် ကဏ္ဍ နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

 Photo: နှစ်နိုင်ငံ စွမ်းအင် ကဏ္ဍ နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Mr. Liao Youngyuan ဦးဆောင်သော အဖွဲ့ အား နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဆွေးနွေး

ယင်းသို့ တွေ့ဆုံစဉ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုနှင့် နည်းပညာ လွှဲပြောင်းပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဒေသခံ လူထု၏ လူမှုစီးပွား ဘဝ အပေါ် သက်ရောက်မှု များကို စနစ်တကျ လေ့လာသုံးသပ်ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း စသည့် အချက်များနှင့် ပြည့်စုံသော တာဝန်သိ ရင်းနှီး မြှုပ်နှံမှုဖြင့် စွမ်းအင် ကဏ္ဍတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ များကို ဆွေးနွေး ခဲ့ကြသည်။

ထိုသို့ လက်ခံ တွေ့ဆုံရာတွင် ဒုတိယ သမ္မတ နှင့်အတူ ဒုတိယ ဝန်ကြီး ဦးဇင်ယော်နှင့် ဦးထင်အောင်တို့ တက်ရောက် ကြသည်။

http://www.myawady.net.mm/allnews/headline/item/15080-2013-05-28-08-42-10
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Mr. Liao Youngyuan ဦးဆောင်သော အဖွဲ့ အား နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။ ဆွေးနွေး

ယင်းသို့ တွေ့ဆုံစဉ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုနှင့် နည်းပညာ လွှဲပြောင်းပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဒေသခံ လူထု၏ လူမှုစီးပွား ဘဝ အပေါ် သက်ရောက်မှု များကို စနစ်တကျ လေ့လာသုံးသပ်ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း စသည့် အချက်များနှင့် ပြည့်စုံသော တာဝန်သိ ရင်းနှီး မြှုပ်နှံမှုဖြင့် စွမ်းအင် ကဏ္ဍတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ များကို ဆွေးနွေး ခဲ့ကြသည်။

ထိုသို့ လက်ခံ တွေ့ဆုံရာတွင် ဒုတိယ သမ္မတ နှင့်အတူ ဒုတိယ ဝန်ကြီး ဦးဇင်ယော်နှင့် ဦးထင်အောင်တို့ တက်ရောက် ကြသည်။

No comments:

Post a Comment