Wednesday, May 29, 2013

Mitsubishi Motor Service Station ဖွင့်ပွဲကျင်းပ

Photo: Mitsubishi Motor Service Station ဖွင့်ပွဲကျင်းပ

Mitsubishi Motor Service Station ဖွင့်ပွဲ အခမ်းအနားကို ကမာရွတ်မြို့နယ် ရတနာမြိုင် လမ်းရှိ အဆိုပါ အဆောက် အအုံ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ SPA နှင့် FMI Company အုပ်စု ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ Mitsubishi  Motors မှ Executive Officer Mr. Masahiko Ueki နှင့် Mitsubishi  Corporation ရန်ကုန် ရုံးခွဲမှ General Manager Mr. Mitsuo Ido တို့က Motor Service Station ကို ဖဲကြိုးဖြတ် ဖွင့် လှစ် ပေးကြပြီး Service Station ကို ကြည့်ရှု အားပေး ကြသည်။

Mitsubishi Motor Service Station သည် Mitsubishi ယာဉ်အပို ပစ္စည်းနှင့် ဆက်စပ်ပစ္စည်း လဲလှယ် တပ်ဆင်ခြင်း၊ စမ်းသပ် စစ်ဆေး ပြုပြင်ခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ နံနက် ၁ဝ နာရီတွင် ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း အမှတ်စဉ် (၆/၂ဝ၁၃) ဖွင့်ပွဲသို့ တက်ရောက်၍ ဤသင်တန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ လူသားများ အနေဖြင့် သဘာဝဘေး အန္တရာယ်များ မကျရောက်အောင် တားဆီး၍ မရသော်လည်း ဘေးကြောင့် ထိခိုက်သေကျေ ပျက်စီးဆုံးရှုံးမှု များကို လျော့ပါးအောင် ဆောင်ရွက်နိုင်သည့်အတွက် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများကို မဖြစ် မနေ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှ ရရှိလာမည့် အသိပညာ၊ အတတ်ပညာ များကို မိမိ ပတ်ဝန်းကျင်မှ ပြည်သူ လူထုအား ဆင့်ပွား အသိပေး သွားရန်နှင့် ရပ်ရွာ အခြေပြု ဆင့်ပွား သင်တန်းများ ပြန်လည် ပို့ချ ပေးရန် တိုက်တွန်း လိုကြောင်း၊ သင်တန်း ဖွင့်လှစ်ရန် ကူညီပံ့ပိုးပေးသော OX-FAM INGO အဖွဲ့အား ကျေးဇူးတင်ပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်က အမှာစကား ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/headline/item/15089-2013-05-28-09-10-07

မြ၀တီ

No comments:

Post a Comment