မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲဆင်နွှဲဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဖောက်ခွဲမှုနဲ့ စွပ်စွဲပြစ် ဒဏ်ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြည်တွင်း သတင်း ဂျာနယ် ရဲ့ ဖော်ပြချက်အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။
ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကတော့ .....
ပြည်တွင်းက ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေးကြွဝါဒီအချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့်
ဖော်ပြခဲ့တာတွေ့ရပါတယ်။
ဂျီဟဒ်စစ်ပွဲဆင်နွဲမယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင်ချက် များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက်စေ ပါတယ်။
ဒီလိုပြောဆိုမှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက်
ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန်ဖို့လိုပါတယ်။
မီဒီယာများအနေနဲ့ ဒီလိုပြောဆိုချက်များကို သတင်းရေးသားတဲ့အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေကြားမှာ ထိတ်လန့်မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန် သတိထားသင့်ပါတယ်။
အဲဒီလိုပြောဆိုမှုတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ အစည်းများရဲ့ခေါင်းဆောင်များရဲ့
အခုလို ထိလွယ်ရှလွယ်တဲ့အခြေအနေမျိုးမှာ
Irrawaddy
No comments:
Post a Comment