Monday, May 6, 2013

လွတ်လပ်ပွင့်လင်းပြီး အားလုံးပူးပေါင်း ပါဝင်သည့် မြန်မာနိုင်ငံသစ် ထူထောင်လိုသည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့သည် မေ ၅ ရက်က နေပြည်တော် ၌ တွေ့ဆုံခဲ့ပြီး ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ တွေ့ဆုံမှုတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီစသည့်ပါတီများပါဝင်ခဲ့ကာ အင်အားကြီးပါတီနှစ်ခုဖြစ်သည့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ မပါဝင် ခဲ့ပေ။ တွေ့ဆုံ ပွဲတွင် နိုင်ငံတော်သမ္မတက အမျိုးသားရေး ရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီး အားလုံး ပါဝင် သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့် ရှိသည့် စီးပွားရေး ဖြစ်စဉ်များဖြင့် တည်ဆောက်ထား သည့် မြန်မာနိုင်ငံတော်သစ် တည်ထောင်ရန်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အစိုးရတစ်ဖွဲ့တည်း လုပ်ဆောင်နေခြင်း မဟုတ်ဘဲ လွှတ်တော်အဆင့်ဆင့်၊ နိုင်ငံရေးအဖွဲ့ အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပူးပေါင်း ပါဝင် ဆောင် ရွက်နေကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment