Thursday, May 30, 2013

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ်ဖြစ်ပေါ်

မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကီပူပါရာမြို့၏ အနောက်တောင်ဘက် မိုင် ၅ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၏ အရှေ့တောင်ဘက် မိုင် ၉ဝ ခန့်၊ မြန်မာနိုင်ငံ မောင်တော
မြို့၏ အနောက်မြောက်ဘက် ၁၆၅ မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်း ငယ်သည် မြောက်ဘက်သို့ ရွေ့လျားပြီးနောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ ကို ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ အဝါရောင် အဆင့်သာရှိပြီး မုန်တိုင်းငယ် ကမ်းဖြတ်ကျော်စဉ် မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး မည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက် ခတ်နိုင်သည်။ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့် ဂရုပြုရန် လိုအပ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာတွင် ဖော်ပြထားပါသည်။

From...ခေတ်လူငယ်

No comments:

Post a Comment