Tuesday, May 28, 2013

လာမည့်ရာသီ ပရီးမီးယား လိဂ်တွင် ယှဉ်ပြိုင်ခွင့် ရသွားပြီဖြစ်သည့် ပဲလေ့စ်

Photo: လာမည့်ရာသီ ပရီးမီးယား လိဂ်တွင် ယှဉ်ပြိုင်ခွင့် ရသွားပြီဖြစ်သည့် ပဲလေ့စ်
==========================================

ခရစ္စတယ်လ် ပဲလေ့စ် အသင်း အနေဖြင့် ပရီးမီးယားလိဂ် တန်းတက်ရေး ရှုံးထွက် ကစားရသည့် ဗိုလ်လုပွဲတွင် ဝတ်ဖို့ဒ်ကို အနိုင် ရပြီးနောက် လာမည့် ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ယခုရာသီ (၄၆)ပွဲစာ ဖြတ်သန်း ရုန်းကန်ပြီးနောက် ပဲလေ့စ်သည် ဝင်ဘလေ ကွင်းကြီးတွင် ဝတ်ဖို့ဒ်ကို (၁-၀)ဖြင့် အနိုင် ရရှိခဲ့သည်။ ပဲလေ့စ်အတွက် တစ်လုံးတည်းသော ဂိုးကို အချိန်ပို (၁၀၅)မိနစ်တွင်မှ တိုက်စစ်မှူး ကီဗင်ဖိ လစ်က ပင်နယ်တီမှ တစ်ဆင့် ကန်သွင်းသွားခြင်း ဖြစ်သည်။ အသက်(၃၉)နှ စ်ရှိ ကစားသမားသည် တစ်ချိန်က ၎င်းကျင်လည်ခဲ့သည့် အသင်းဟောင်း၏ ဂိုးပေါက်ထဲ ဘောလုံးကို အရောက် ပို့ဆောင်လိုက်ချိန်သည် ပဲလေ့စ် အတွက် ပေါင်စတာလင် (၁၄၅)သန်းတန် ဆုလာဘ် အတွက် လမ်းပွင့်သွားစေခဲ့သည်။ ဝတ်ဖို့ဒ် ဂိုးသမား မန်နျူရယ်လ် အယ်လ်မူနီယာ အနေဖြင့် ဘောလုံး လမ်းေ ကြာင်းကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည့်တိုင် ဘောလုံးက လက်လှမ်း မမီနိုင် သည့် ဂိုးတိုင်အပေါ် ထောင့်ထဲ ဝင်သွားခြင်း ဖြစ်သည်။

ပဲလေ့စ်အနေဖြင့် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခြင်းကြောင့် ရုပ်သံ ထုတ်လွှင့်မှု ခွဲတမ်းများ အပါအဝင် ဝင်ငွေအရပ်ရပ်တွင် ပေါင်စတာလင် (၁၄၅)သန်းမျှ တိုးပွား လာမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ယခုပွဲသည် ဂန္ထဝင် တွင်လောက်သည့် ပွဲကောင်းတစ်ခု မဟုတ်ခဲ့လျှင်ပင် အားထုတ်မှု အပြည့်ဖြင့် ရင်ဆိုင် ကစားခဲ့ပြီး ပြိုင်ဘက် နှစ်သင်းကြား တင်းမာမှုများလည်း ရှိနေခဲ့သည်။ မန်နေဂျာ အီယန်ဟော်လိုဝေးနှင့် ပဲလေ့စ် အသင်းသားများ သည် ပွဲအပြီးတွင် လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင် ခွင့်ရကြောင်း တရားဝင် ကြေညာချိန်ထိ အောင်ပွဲခံမှုကို မရပ်တန့်နိုင်ခဲ့ချေ။

ယခုပွဲတွင် ပဲလေ့စ် ရရှိခဲ့သည့် ပင်နယ်တီသည် မန်ချက်စတာ ယူနိုက်တက် သို့ ရာသီကုန်တွင် ပြောင်းရွှေ့မည့် ဝီလ်ဖရိုက်ဒ် ဇာဟာ၏ ထိုးဖောက်မှုမှ တစ်ဆင့် အခွင့်အရေး ပိုင်ဆိုင်လာခြင်း ဖြစ်ပြီး ယင်းကို ဘလက်ပူးလ်မှ အငှားရောက်နေသည့် ဖိလစ်က ကန်သွင်း ပေးခဲ့ခြင်း ဖြစ်သည်။ 
Ref: Daily Mail
ခရစ္စတယ်လ် ပဲလေ့စ် အသင်း အနေဖြင့် ပရီးမီးယားလိဂ် တန်းတက်ရေး ရှုံးထွက် ကစားရသည့် ဗိုလ်လု ပွဲတွင် ဝတ်ဖို့ဒ်ကို အနိုင်ရပြီးနောက် လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွား ပြီ ဖြစ်သည်။
ယခုရာသီ (၄၆)ပွဲစာ ဖြတ်သန်း ရုန်းကန်ပြီးနောက် ပဲလေ့စ်သည် ဝင်ဘလေ ကွင်းကြီးတွင် ဝတ်ဖို့ဒ်ကို (၁-၀)ဖြင့် အနိုင် ရရှိခဲ့သည်။ ပဲလေ့စ်အတွက် တစ်လုံးတည်းသော ဂိုးကို အချိန်ပို (၁၀၅)မိနစ်တွင်မှ တိုက်စစ်မှူး ကီဗင်ဖိ လစ်က ပင်နယ်တီမှ တစ်ဆင့် ကန်သွင်းသွားခြင်း ဖြစ်သည်။ အသက်(၃၉)နှ စ်ရှိ ကစားသမားသည် တစ်ချိန်က ၎င်းကျင်လည်ခဲ့သည့် အသင်းဟောင်း၏ ဂိုးပေါက်ထဲ ဘောလုံးကို အရောက် ပို့ဆောင်လိုက်ချိန်သည် ပဲလေ့စ် အတွက် ပေါင်စတာလင် (၁၄၅)သန်းတန် ဆုလာဘ် အတွက် လမ်းပွင့်သွားစေခဲ့သည်။ ဝတ်ဖို့ဒ် ဂိုးသမား မန်နျူရယ်လ် အယ်လ်မူနီယာ အနေဖြင့် ဘောလုံး လမ်းေ ကြာင်းကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည့်တိုင် ဘောလုံးကလက်လှမ်း မမီနိုင်သည့် ဂိုးတိုင် အပေါ် ထောင့် ထဲ ဝင်သွားခြင်း ဖြစ်သည်။

ပဲလေ့စ်အနေဖြင့် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခြင်းကြောင့် ရုပ်သံ ထုတ်လွှင့်မှု ခွဲတမ်းများ အပါအဝင် ဝင်ငွေအရပ်ရပ်တွင် ပေါင်စတာလင် (၁၄၅)သန်းမျှ တိုးပွား လာမည်ဟု သတင်းများ က ဖော်ပြ ခဲ့သည်။ ယခုပွဲသည် ဂန္ထဝင် တွင်လောက်သည့် ပွဲကောင်းတစ်ခု မဟုတ်ခဲ့လျှင်ပင် အားထုတ်မှု အပြည့်ဖြင့် ရင်ဆိုင် ကစားခဲ့ပြီး ပြိုင်ဘက် နှစ်သင်းကြား တင်းမာမှုများလည်း ရှိနေခဲ့သည်။ မန်နေဂျာ အီယန်ဟော်လိုဝေးနှင့် ပဲလေ့စ် အသင်းသားများ သည် ပွဲအပြီးတွင် လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင် ခွင့်ရကြောင်း တရားဝင် ကြေညာချိန်ထိ အောင်ပွဲခံမှုကို မရပ် တန့်နိုင်ခဲ့ချေ။

ယခုပွဲတွင် ပဲလေ့စ်ရရှိခဲ့သည့် ပင်နယ်တီသည် မန်ချက်စတာယူနိုက်တက်သို့ ရာသီကုန် တွင် ပြောင်းရွှေ့ မည့် ဝီလ်ဖရိုက်ဒ် ဇာဟာ၏ ထိုးဖောက်မှုမှ တစ်ဆင့် အခွင့်အရေး ပိုင်ဆိုင်လာခြင်း ဖြစ်ပြီး ယင်းကို ဘလက်ပူးလ် မှ အငှားရောက်နေသည့် ဖိလစ်က ကန်သွင်း ပေးခဲ့ခြင်း ဖြစ်သည်။
Ref: Daily Mail
From...မြ၀တီ
 

No comments:

Post a Comment