Monday, May 6, 2013

အစိုးရဌာန အဖွဲ့အစည်းများ လိုက်နာ ရမည့် တင်ဒါ စည်းကမ်းချက်များ ထုတ်ပြန်

နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတော်မှာ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံလုပ်ငန်း များနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုလုပ်ရာမှာ အစိုးရဌာန၊ အဖွဲ့အစည်းများ လိုက်နာရမယ့် တင်ဒါ စည်းကမ်းချက်များကို ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တင်ဒါ စည်းကမ်းချက်များမှာ တင်ဒါ ခေါ်ယူပါက ပြုလုပ် ဆောင်ရွက်သင့်တဲ့ အချက်များဝယ်ရေးဆိုင်ရာ တင်ဒါများနဲ့ ပတ်သက်တဲ့အချက်များ တည်ဆောက်မှုဆိုင်ရာ တင်ဒါများနဲ့ပတ်သက်တဲ့ အချက်များ၊ ၀န်ဆောင်မှု တင်ဒါများနဲ့ ပတ်သက်တဲ့အချက်များ၊ ငှားရမ်း ရောင်းချရေး တင်ဒါများနဲ့ ပတ်သက်တဲ့ အချက်များ စတာတွေ ပါရှိတာပဲ ဖြစ်ပါတယ်။

အဆိုပါအချက်များထဲမှ ငှားရမ်း ရောင်းချရေး တင်ဒါများ ပြုလုပ်ပါက အစိုးရဌာနများ၊ အဖွဲ့အစည်း များမှ ပုဂ္ဂလိကသို့ လွှဲပြောင်း ဆောင်ရွက်သင့်တဲ့လုပ်ငန်းများကို နိုင်ငံတော် သမ္မတရုံးကဖွဲ့စည်းထားတဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ရဲ့ အမိန့်ကြော်ငြာစာပါအချက်များနဲ့ ရောင်းချခြင်း လုပ်ငန်း များ ဆောင်ရွက်ရာမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းနဲစပ်လျဉ်းပြီး အောက်ခြေအဆင့်အထိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ကာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းဌာနများရှိ နိုင်ငံပိုင်အဆောက်အအုံများ၊ ယာဉ်စက်ယန္တရားများ၊ သိုလှောင်ရုံများကို လုပ်ထုံး လုပ်နည်းနဲ့ အညီ ငှားရမ်း ဆောင်ရွက်ခြင်း ဖြစ်ပါက လုပ်ငန်း ပြီးဆုံးပြီး ပြန်လည် အပ်နှံပါက ငှားရမ်းမှု စတင်စဉ်က အခြေအနေအတိုင်း ပြန်လည်အပ်နှံရေးအတွက် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
From...MRTV4

No comments:

Post a Comment