Monday, May 6, 2013

“ဆီးရီးသူပုန်တပ်ဖွဲ့က အစိုးရစစ်တပ်ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်”

Photo: “ဆီးရီးသူပုန်တပ်ဖွဲ့က အစိုးရစစ်တပ်ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်”

ဆီးရီးယားနိုင်ငံတွင် သူပုန် တပ်ဖွဲ့များက စစ်တပ်ပိုင် ရဟတ်ယာဉ် တစ်စင်းအား ပစ်ခတ်ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် (၈)ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

ကာလရှည်ကြာ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်နှင့် ပတ်သက်သည့် ဗီဒီယို တစ်ခုကို ဗြိတိန် အခြေစိုက် ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့က လွှင့်တင်ခဲ့ရာ လက်နက်ကိုင် အချို့သည် ရဟတ်ယာဉ်ပျက်ပေါ်တွင် ရပ်လျှက် ရှိနေသည်ကို တွေ့ရှိရသည်။ 

အဆိုပါ ဗီဒီယိုတွင် ပါဝင်နေသော လက်နက်ကိုင် တော်လှန်ရေး သမားတစ်ဦးက အဆိုပါ ရဟတ်ယာဉ်သည် တနင်္ဂနွေနေ့ ညပိုင်းက နိုင်ငံ အရှေ့ပိုင်း ဒီရာအယ်လ်ဇိုအာတွင် ပစ်ချထားခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။ ယင်းနေရာသည် အီရတ်နှင့် နယ်စပ်အနီးတွင် တည်ရှိသည်။

Read more http://www.planet.com.mm/news/read.cfm/id/21473
ဆီးရီးယားနိုင်ငံတွင် သူပုန် တပ်ဖွဲ့များက စစ်တပ်ပိုင် ရဟတ်ယာဉ် တစ်စင်းအား ပစ်ခတ်ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် (၈)ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကာလရှည်ကြာ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်နှင့်ပတ်သက်သည့် ဗီဒီယိုတစ်ခုကို ဗြိတိန်အခြေစိုက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့က လွှင့်တင်ခဲ့ရာ လက်နက်ကိုင်အချို့သည် ရဟတ်ယာဉ်ပျက်ပေါ်တွင် ရပ်လျှက် ရှိနေသည်ကို တွေ့ရှိရသည်။
အဆိုပါဗီဒီယိုတွင် ပါဝင်နေသော လက်နက်ကိုင် တော်လှန်ရေးသမားတစ်ဦးက အဆိုပါရဟတ် ယာဉ် သည် တနင်္ဂနွေနေ့ ညပိုင်းက နိုင်ငံ အရှေ့ပိုင်း ဒီရာအယ်လ်ဇိုအာတွင် ပစ်ချထားခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။ ယင်းနေရာသည် အီရတ်နှင့် နယ်စပ် အနီးတွင် တည်ရှိသည်။

From....
Planet Myanmar Network

No comments:

Post a Comment