Monday, May 6, 2013

“ဘာသာ၊ လူမျိုး မခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဋိပက္ခတွေကို ရှောင်ကြဉ်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်တင်မကပါဘူး၊ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားမှာပါ” ၊မိတ္ထီလာပဋိပက္ခတွင် လူ ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ဆရာတော်ဦးဝိသုဒ္ဓနှင့် တွေ့ဆုံခြင်း

Photo
လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ရသော မတ်လ တတိယပတ်တွင် ဖြစ်ပွားခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုများ ဖြစ် ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ၊ သတ္တိရှိစွာဖြင့် စွန့်စွန့် စားစား ကယ်တင်ခဲ့သူများလည်း ရှိခဲ့ပါသည်။ မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓကလည်း ဒုက္ခသည် ၈၀၀ ကျော်ကို ဘေးမသီရန်မခအောင်ရဲဝံ့စွာ ကယ်တင်  
ပးခဲ့သည်။ အဆိုပါကျောင်းတိုက်တွင် သံဃာ ၃၅ ပါးရှိပြီး ဒုက္ခသည်များကို ခိုလှုံခွင့်ပြု၍ ကယ်တင် ထားစဉ် အန္တရာယ်ပြုရန်လာသူများကို သက်တော်(၅၅) နှစ်၊ ၀ါတော် (၃၅) ၀ါရှိ ဆရာတော်ဦးဝိသုဒ္ဓက ၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များကိုသတ်ပါဟု ရဲရင့်သောပြောစကား၊ လုပ်ဆောင်မှုကြောင့် လူအများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ဆရာတော်နှင့် ဧပြီ ၁၂ ရက်တွင် တွေ့ဆုံမေး မြန်းထားသည်များမှ စာဖတ် ပရိသတ်အတွက် ကောက်နုတ်ဖော်ပြ ပေးလိုက်ပါသည်။ 

မတ်လ ၂၀ ရက်ညက အတွေ့အကြုံပြန်ရှင်းပြပေးပါဦးဘုရား။

ကျောင်းထဲကို ကုလားတွေပြေးဝင်လာမှ ဦးဇင်းလည်းသိတာ။ ရပ်ကွက်တွေကတော့ ဈေးရှေ့၊ ဈေးလယ်၊ ဒဟတ်တန်း၊ ရတနာမာန်အောင် ရပ်ကွက်တို့ မြို့ထဲကသူတွေများပါတယ်။  ပထမစဖြစ်တဲ့ ၂၀ ရက် ညနေပိုင်းကစပြီး ရောက်လာကြတာပဲ။ အဲဒီနေ့မှာတော့ လူဦးရေ ၄၀ ပဲ။ နောက် ၂၄ ရက်အထိ  အစ္စလာမ်ဘာသာဝင်လူဦးရေ ၈၀၀ အထိ ဖြစ်လာတယ်။ ကလေးတွေကတော့ ၃၀၀ ၀န်းကျင်ရှိပါ တယ်။

ဆရာတော့်ကျောင်းကို ရောက်လာတဲ့အချိန်မှာ သူတို့တော်တော်ကြောက်နေကြလားဘုရား။
ကျီးကန်းတောင်းမှောက်ကယ်သူမဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်။ နောက်အရမ်းကိုကြောက်နေတဲ့ မျက်နှာ အမူ အရာတွေမြင်ခဲ့ရတယ်။ သူတို့ကိုကယ်ဖို့ ဆုံးဖြတ်ချက်ကို အချိန်ဘယ်လောက်အတွင်းမှာ ချခဲ့တာလဲ ဘုရား။ 
ကယ်ဖို့ တွေဝေခဲ့တာမျိုးရောရှိခဲ့ပါလားဘုရား။
သူတို့ကကျောင်းထဲကို ပြေးလာတော့ ချက်ချင်းပဲဆုံးဖြတ်ခဲ့တာ ပါ။ တွေဝေနေတာမျိုး မရှိခဲ့ပါဘူး ဒကာ။ကျောင်းပေါက်ကနေစောင့်ပြီးကြိုနေတာ ပါ။ဘာကြောင့်ကယ်ခဲ့တာလဲဘုရား။ရည်ရွယ်ချက်ကတော့ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်အတိုင်းပါပဲ။ ဒုက္ခရောက်နေသူတွေကို ကယ်တင်ရမယ်လေ။ ထူးထူးခြားခြားမရှိပါဘူး။ ဒီကျောင်းထဲမှာ နေသမျှတော့ သူတို့ဒုက္ခမရောက်အောင် ထိန်းသိမ်းပေးမယ် ၊ စောင့်ရှောက်ပေး မယ်လို့ ပြောထားခဲ့ပါတယ် ဒကာ။

လူ ၈၀၀ လောက်ကို ဘေးမဖြစ်အောင် ကယ်တင်နိုင်ခဲ့တဲ့အတွက် ဘယ်လိုခံစားရလဲ ဘုရား။
သူများဒုက္ခရောက်တဲ့ အချိန်မှာ ကယ်ခဲ့တော့ ကိုယ်ချင်းစာပြီး ပျော်ခဲ့ပါတယ်။ ကိုယ်ဒုက္ခရောက်တဲ့ အချိန်မှာ လည်း ကယ်မယ့်သူပေါ်မယ်လို့ ယုံကြည်ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေကို ကယ်တင်ခဲ့လို့ ဆရာတော်ကျောင်းကိုလာပြီး အန္တရာယ်ပြုတာမျိုးရော ရှိလား ဘုရား။

နားမလည်တဲ့သူတွေကတော့ ကျောင်းရှေ့ကို ရောက်လာပါတယ်။ ဦးဇင်းက သူတို့ကို အန္တရာယ်ပြုချင်ရင် ငါ့ကိုအရင်သတ်ပြီးမှလုပ်လို့ ပြောလိုက်ပါတယ်။ ဆရာတော့်ကျောင်းကို အန္တရာယ်ပြုချင်လို့ လာတဲ့လူ အင်အား ဘယ်လောက်ရှိပါလဲဘုရား။


သူတို့လာတာ ညနှစ်နာရီလောက်ဆိုတော့ မှောင်နေတယ်။ လူတွေကတော့များတယ်။ မျက်နှာတွေ မမြင်ရဘူး။ နောက်ထပ်တော့ မလာတော့ပါဘူး ဒကာ။


ဒီလိုကယ်တင်ပြီးမှ နောင်တရတာမျိုး၊ စိုးရိမ်တာမျိုးဖြစ်မိလား ဘုရား။
နောင်တမရပါဘူး။ ဘာသာရယ်၊ လူမျိုးရယ်၊ အဖြူအမည်းရယ်ခွဲခြားတာမျိုးမရှိပါဘူး။ သူများဒုက္ခရောက်တဲ့ အချိန်မှာ ကယ်တင်ရတာ  ချမ်းသာသုခရတာပဲ။ ဒီလိုပဲမြင်ပါတယ်။ ဆရာတော် ဒီလို ကယ်တင်ပေးတာကို လူတွေဘယ်လိုသိသွားကြတာလဲ။ သူတို့ ဒုက္ခသည်စခန်းရောက်တော့ ဘာအန္တရာယ်မှမရှိတော့ လုံခြုံရေးတွေကမေးတာပေါ့။ ဘာကြောင့်လဲဆိုတော့ဘုန်းကြီးကဒီလို ကယ်ခဲ့တယ်လို့ သူတို့က ပြန်ပြော ကြ ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေကလည်း ကျောင်းကိုလာပြီး ကျေးဇူးတင်ကြောင်း ပြော ကြပါတယ်။

ဆရာတော်ရဲ့ လုပ်ဆောင်မှုတွေကို လူအများစုက ချီးကျူးကြတယ်။ လူအများကြီးရဲ့အသက်ကို သတ္တိရှိရှိ ကယ်တင်ခဲ့လို့ပေါ့။ 
ဒီလောက်ကြီးကျယ်တဲ့ စွန့်စားမှုအလုပ်မျိုး အရင်ကရောလုပ်ဖူးလားဘုရား။ ဦးဇင်းကလည်း ငယ်ကတည်း က မိဘမဲ့ကျာင်းကနေလာရတာပါ။ မိဘမဲ့ကလေးတွေတော့ ကယ်တင်ဖူးပါတယ်။ ဒီလိုကြီးတော့မလုပ်ဖူး ပါဘူး ဒကာ။

ရောက်လာတဲ့ လူဦးရေက ၈၀၀ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းပေးခဲ့လဲဘုရား။
ပြေပါတယ်။ ရပ်ကွက်က ခင်ရာမင်ရာတွေကလာပြီးတော့ ထောက်ပံ့ကြပါတယ်။ ကယ်ခဲ့တဲ့သူတွေကို ဒုက္ခသည်စခန်းကို ဘယ်လိုစီစဉ်ပြီးပို့ပေးခဲ့လဲဘုရား။ လူအင်အားကများတော့ အိမ်သာတက်တာလည်း အဆင်မပြေတော့ဘူး။ တည်ငြိမ်လာတာနဲ့ တာဝန်ရှိတဲ့သူတွေကို သွားပြောရတယ်။ အဲဒီကျမှ စစ်တပ်ကကား အစီး ၄၀ နဲ့  မတ် ၂၄ ရက်မှာ လာခေါ်သွားကြတာ။ ကျောင်းမှာ လေးရက်ထားပါတယ်။ အကြမ်းဖက်မှုက ဒီလောက်အထိ ကြီးကျယ်သွားရတာ ဆရာတော် အနေနဲ့ ဘယ်လိုမြင်လဲဘုရား။
ဒီလောက်ကြီးကျယ်စရာ အကြောင်းမရှိဘူး။ သွေးထိုးလှုံ့ဆော်သူတွေရှိလို့ပါ။


နောက် ဒီလိုပြဿနာတွေဖြစ်မလာအောင် ဘယ်လို ဆောင်ရွက် သင့်ပါလဲဘုရား။
အကောင်းဆုံးကတော့ ဘာသာ၊ လူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဋိပက္ခတွေကို ရှောင်ကြဉ်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်တင် မကပါဘူး၊ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားမှာပါ။ ဆရာတော်အနေနဲ့ ဘာများဖြည့် စွက်မိန့်ကြားချင်ပါလဲ ဘုရား။
ပဋိပက္ခမရှိကြဘဲနဲ့ ကိုယ့်ဘာသာ၊ ကိုယ်ယုံကြည်ရာယုံကြည်ရာ မှန်မှန်ကန်ကန် ကိုးကွယ်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဦး ဆောင်နေကြတာပဲလေ။ ဘာသာကိုခုတုံးလုပ်ပြီး မငြိမ်းချမ်းအောင် လုပ်ဆောင်နေ သူတွေရဲ့  လုပ်ဆောင်ချက်တွေကို ရှောင်နိုင်ရင် အကောင်းဆုံးပေါ့ဒကာ။

ကျေးဇူးတင်ပါတယ် ဆရာတော်ဘုရား။
From...7 Day News JournaL

No comments:

Post a Comment