Friday, June 7, 2013

ခရိုနီများအား ဒေါ်အောင်ဆန်းစုကြည် အကောင်းဘက်မှ ရှုမြင်

မြန်မာနိုင်ငံရှိ ခရိုနီများသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများတွင် ငွေကြေးသုံးစွဲလာခြင်း ကို ကြိုဆိုပါကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ဇွန် ၆ ရက်က ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ''Myanmar:What future?'' ကဏ္ဍတွင် ဆွေးနွေးစဉ်အတွင်း လူပရိသတ် ၄၅၀ ၀န်းကျင်ရှေ့တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ခရိုနီလုပ်ငန်းရှင် အချို့သည် ယခင် အစိုးရလက်ထက်တွင် သာမက ယခု အစိုးရလက်ထက်တွင်ပါ အခွင့်ထူးခံနှင့် အခွန်ရှောင်မှုများ ရှိနေဆဲဖြစ်သည်။ ယခုအစိုးရ လက်ထက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးများတွင်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း...

“လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ပိုက်ဆံ အများကြီး ရရှိခဲ့တဲ့သူတွေ ရှိပါတယ်။ သူတို့တွေဟာ အခုချိန်မှာ ဒီငွေတချို့ကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေမှာ သုံးလာတာကို ကြိုဆိုပါတယ်။ ကျွန်မအနေနဲ့ သူတို့ အလှူငွေတွေကို လက်ခံတယ်ဆိုတာ ဒီလို အသုံးပြုတာက တခြားကိစ္စတွေ ဥပမာ လေယာဉ်ဝယ်စီးတာမျိုး သုံးတာထက် ပိုကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည် က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် ခရိုနီများ ကြီးထွားလာမှုနှင့် ပတ်သက် ပြီး မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရိုနီလုပ်ငန်းရှင်အချို့သည် ယခင် အစိုးရလက်ထက်တွင် သာမက ယခု အစိုးရ လက်ထက်တွင်ပါ အခွင့်ထူးခံနှင့် အခွန်ရှောင်မှုများ ရှိနေဆဲဖြစ်သည်။ ယခုအစိုးရ လက်ထက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးများတွင်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရိုနီလုပ်ငန်းရှင်အချို့၏ အခွန်ရှောင်ခြင်း၊ ဆောင်သင့်သည့် ပမာဏထက် များစွာ လျော့နည်းသည့် ပမာဏသာ ဆောင်ခြင်းများလည်း ရှိကြောင်း အခွန်စာရင်းဇယားများအရ သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးနှင့် ကျန်းမာရေးကွန်ရက် ရန်ပုံငွေများအတွက် ခရိုနီများ၏ လှူဒါန်းငွေများအနက် ထူးနှင့် ရွှေသံလွင်ကုမ္ပဏီများ၏ လှူဒါန်းမှုမှာ အများဆုံး ဖြစ်နေကြောင်းလည်း သိရသည်။
ELEVEN

No comments:

Post a Comment