Friday, June 7, 2013

နယ်အချို့တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများ ရှိနေသောကြောင့် ဒေသခံများ ပူပန်နေကြ

Photo: နယ်အချို့တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများ 
ရှိနေသောကြောင့် ဒေသခံများ ပူပန်နေကြ
Friday, 07 June 2013

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများရှိ မြို့နယ်အချို့တွင် ဇွန် ၅ ရက်နှင့် ၆ ရက်များ၌ အဓိကရုဏ်း
 ဖြစ်စေနိုင်သော ကောလာဟလ လှုံ့ဆော်သူများ ရှိနေသောကြောင့်
 ဒေသခံများ စိုးရိမ်မှုများ ရှိနေသဖြင့် အဆိုပါ ကောလာဟလ ထွက်ပေါ်မှုများအား သက်ဆိုင်ရာမှ ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။

ဇွန် ၅ ရက်ကလည်း မန္တလေးမြို့ ၇၆ လမ်း၊ ၃၅လမ်းနှင့် ၃၆ လမ်းကြားရှိ အ.ထ.က (၃) စာသင်ကျောင်း အနီးတွင် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ဗမာနှင့် အစ္စလာမ်ဘာသာဝင်တို့ ခိုက်ရန်ဖြစ်ပွား နေသည်ဟု ကောလာဟလ ထွက်ပေါ်လာမှုကြောင့် ကျောင်းသားမိဘများမှ ကျောင်းရှေ့သို့ စုရုံးရောက်ရှိလာပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် အ.ထ. က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား
 ကျောင်းဆင်းပေးခဲ့ကြောင်း၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်များရှိ အ.လ.က(၁၇)၊ အ.ထ.က(၂၆)နှင့် အ.ထ.က (၇)စသည့် စာသင်ကျောင်းများတွင် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်သည့် ကျောင်းသားမိဘများက ကျောင်းအရှေ့သို့ စုရုံးရောက်ရှိလာပြီး သားသမီးများအား ပြန်ခေါ်ခွင့်ပြုရန် ကျောင်းဆင်းပေးရန်
 ပြောဆိုမှုများ ရှိခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့် မန္တလေးနှင့် မြို့ချင်းထိစပ်နေသော စစ်ကိုင်းမြို့တွင်လည်း ကောလာဟလများ ထွက်ပေါ်ခဲ့သဖြင့် မြို့မဈေး အတွင်းရှိ ဈေးဆိုင်အချို့ ပိတ်သိမ်းခြင်း၊ စာသင်ကျောင်းအချို့ နေ့ဝက် ပိတ်ခြင်းနှင့် ရုတ်ရုတ်သဲသဲ ဖြစ်စဉ်များ ရှိခဲ့ပြီး မြို့မဈေး ၀န်းကျင်နှင့် စာသင်ကျောင်း ၀န်းကျင်နေရာများ၌ လုံခြုံရေးတပ်ဖွဲ့များ ချထားခဲ့ရကြောင်း သိရသည်။ ''မန္တလေးမှာ ကောလာဟလတွေ ဖြစ်ပေါ်ပြီး သတင်းတွေ ပျံ့နှံ့ကူးစက်လာတဲ့အတွက် အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီး ညှိနှိုင်းတယ်။ လုံခြုံရေးတွေကို လက်ပံတောင်းပို့ထားရပြီး မြို့နယ်ရဲတပ်ဖွဲ့မှာ အင်အား ၂၀ လောက်ပဲရှိတာမို့ ရပ်ကွက်အလိုက် သတိရှိကြဖို့နဲ့ လုံခြုံရေးတင်းကျပ် ဂရုထားနေရတယ်'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။

ဟိုနေရာမှာတော့ ဘယ်လိုဖြစ်နေတယ်။ ဒီနေရာမှာတော့ ဘာတွေဖြစ်ပြန်ပြီဆိုတဲ့ ကောလာဟလမျိုးတွေ နေ့တိုင်းကြားနေရတယ်။ အမှန်တကယ်က ဘာမှဖြစ်တာ မဟုတ်ဘဲ ဖြစ်အောင်လို့ကို လိုက်ဖွနေကြတာ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေကတော့ ဒီလိုအသံတွေ ကြားနေရပြီး အားလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ သွားရ၊ လာရ၊ ရောင်းရ၊ ၀ယ်ရတာ မဖြောင့်တော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလိုဝါဒဖြန့်တဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်...

 ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ဇီးကုန်းမြို့နယ်များတွင် ဘာသာရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်
 ကောလာဟလများကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ပူပန်လျက် ရှိနေကြောင်း သိရသည်။ မေ ၃၀ ရက်တွင် ရွှေဘို မြို့၌ စိတ်ရောဂါဝေဒနာသည် သံဃာတော်တစ်ပါး မိမိကိုယ်မိမိ ဘရိတ်ဓားဖြင့် လည်ပင်းကိုလှီးကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ဇွန်လပထမပတ်တွင်လည်း အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်
 ရွှေဘိုမြို့နယ်၊ မြို့လှ၊ ကံသာကုန်း၊ တယ်ဖိုပင် အစရှိသော ကျေးရွာများ၌ ဗုံး၊ သေနတ်၊ လက်နက်များ တွေ့ရှိကြောင်း ကောလာဟလများ ဆက်တိုက်ပျံ့နှံ့လျက်ရှိသည်။

''မြို့ပေါ်ထက်ပိုပြီး အရေးကြီးတာက ကျေးရွာတွေပဲ။ အဲဒီဘက်မှာ လုံခြုံရေးထားရှိတာက ပိုပြီးထိရောက်လိမ့်မယ်။ အခုဆို တချို့ကျေးရွာတွေမှာ ည ၇ နာရီဆို ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ သတိရှိတာ ကောင်းပေမယ့် ဒီအခြေအနေက အသင့်ပြင်နေသလို အနေအထားတွေ ဖြစ်သွားမှာ စိုးရိမ်ရတယ်'' ဟု ရွှေခြင်္သေ့
 ကျောင်းထိုင်ဆရာတော် ဦးတေဇက မိန့်ကြားသည်။

ဇွန် ၆ ရက်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ပဋိပက္ခများ ဖြစ်ပွားလိမ့်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် အောင်လံမြို့ပေါ်ရှိ စာသင်ကျောင်းများ ရှေ့သို့နံနက် ၉ နာရီက ကျောင်းသားမိဘများနှင့် တုတ်လက်နက်များ ကိုင်ဆောင်ထားသော အနီးတစ်ဝိုက် ကျေးရွာများမှ လူအချို့ စုဝေးရောက်ရှိခဲ့ကြောင်း သိရသည်။ ''မြို့ပေါ်မှာ ဘာပြဿနာမှ မရှိသလို အားလုံးလည်း ပုံမှန်အနေအထားပဲ သွားလာနေကြပါတယ်၊ ကောလာဟလတွေကြားတော့ စမ်းကလေး၊ ပိတောက်ကုန်း၊ ရေပေါ်စတဲ့ ကျေးရွာတွေက ကျောင်းသားမိဘတွေနဲ့ ဒေသခံအချို့ တုတ်လက်နက်တွေကိုင်ပြီး မြို့ပေါ်ရောက်လာလို့ ကောလာဟလက ပိုကြီးသွားတာပါ။ ဒါပေမဲ့ ဒါကောလာဟလပဲ ဆိုတာကိုတော့ ကျောင်းသားမိဘတွေ အပါအ၀င် မြို့သူမြို့သားတွေက သတိရှိနေကြပါတယ်'' ဟု ရွာထောင် အထကခွဲကျောင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။ သို့သော် နာရီပိုင်းအတွင်း ပုံမှန်အခြေအနေ
 ပြန်ဖြစ်ခဲ့ပြီး ကောလာဟလများ ပျံ့နှံ့နေချိန်တွင် အောင်လံမြို့ပေါ်ရှိ စာသင်ကျောင်းများအနီး တစ်ကျောင်းလျင် ရဲတပ်သား လေးဦးနှုန်းခန့် လုံခြုံရေးချထားခဲ့ပြီး လက်နက်ကိုင် လာရောက်သူများလည်း
 ပြန်သွားကြကြောင်း သိရှိရသည်။

''ဟိုနေရာမှာတော့ ဘယ်လိုဖြစ်နေတယ်။ ဒီနေရာမှာတော့ ဘာတွေဖြစ်ပြန်ပြီဆိုတဲ့ ကောလာဟလမျိုးတွေ နေ့တိုင်းကြားနေရတယ်။ အမှန်တကယ်က ဘာမှဖြစ်တာ မဟုတ်ဘဲ ဖြစ်အောင်လို့ကို လိုက်ဖွနေကြတာ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေကတော့ ဒီလိုအသံတွေ ကြားနေရပြီး အားလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ သွားရ၊ လာရ၊ ရောင်းရ၊ ၀ယ်ရတာ မဖြောင့်တော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလိုဝါဒဖြန့်တဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်'' ဟုစစ်ကိုင်းမြို့မှ ဒေသခံတစ်ဦးက သုံးသပ်ခဲ့သည်။

Eleven Media Group
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများရှိ မြို့နယ်အချို့တွင် ဇွန် ၅ ရက်နှင့် ၆ ရက်များ၌ အဓိကရုဏ်းဖြစ်စေနိုင်သော ကောလာဟလ လှုံ့ဆော်သူများ ရှိနေသောကြောင့် ဒေသခံများ စိုးရိမ်မှုများ ရှိနေသဖြင့် အဆိုပါ ကောလာဟလ ထွက်ပေါ်မှုများအား သက်ဆိုင်ရာမှ ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။
ဇွန် ၅ ရက်ကလည်း မန္တလေးမြို့ ၇၆ လမ်း၊ ၃၅လမ်းနှင့် ၃၆ လမ်းကြားရှိ အ.ထ.က (၃) စာသင်ကျောင်း အနီးတွင် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ဗမာနှင့် အစ္စလာမ်ဘာသာဝင်တို့ ခိုက်ရန်ဖြစ်ပွားနေ သည်ဟု ကောလာဟလ ထွက်ပေါ်လာမှုကြောင့် ကျောင်းသားမိဘများမှ ကျောင်းရှေ့သို့ စုရုံးရောက်ရှိ လာပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် အ.ထ. က(၃)ကျောင်းမှ ကျောင်း သား၊ ကျောင်းသူ များအား ကျောင်းဆင်းပေးခဲ့ကြောင်း၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်များရှိ အ.လ.က(၁၇)၊ အ.ထ.က(၂၆)နှင့် အ.ထ.က (၇)စသည့် စာသင်ကျောင်းများတွင် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်သည့် ကျောင်းသားမိဘများက ကျောင်းအရှေ့သို့ စုရုံးရောက်ရှိလာပြီး သားသမီးများအား ပြန်ခေါ်ခွင့်ပြုရန် ကျောင်းဆင်းပေးရန် ပြောဆိုမှုများ ရှိခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့် မန္တလေးနှင့် မြို့ချင်းထိစပ်နေသော စစ်ကိုင်းမြို့တွင် လည်း ကောလာ ဟလများ ထွက်ပေါ်ခဲ့သဖြင့် မြို့မဈေး အတွင်းရှိ ဈေးဆိုင်အချို့ ပိတ်သိမ်းခြင်း၊ စာသင်ကျောင်း အချို့ နေ့ဝက် ပိတ်ခြင်းနှင့် ရုတ်ရုတ်သဲသဲ ဖြစ်စဉ်များ ရှိခဲ့ပြီး မြို့မဈေး ၀န်းကျင်နှင့် စာသင်ကျောင်း ၀န်းကျင်နေရာ များ၌ လုံခြုံရေးတပ်ဖွဲ့များ ချထားခဲ့ရကြောင်း သိရသည်။ ''မန္တလေးမှာ ကောလာ ဟလတွေ ဖြစ်ပေါ်ပြီး သတင်းတွေ ပျံ့နှံ့ကူးစက်လာတဲ့အတွက် အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီး ညှိနှိုင်းတယ်။ လုံခြုံရေးတွေကို လက်ပံတောင်းပို့ထားရပြီး မြို့နယ်ရဲတပ်ဖွဲ့မှာ အင်အား ၂၀ လောက်ပဲ ရှိတာမို့ ရပ်ကွက်အလိုက် သတိရှိကြဖို့နဲ့ လုံခြုံရေးတင်းကျပ် ဂရုထားနေရတယ်'' ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။

ဟိုနေရာမှာတော့ ဘယ်လိုဖြစ်နေတယ်။ ဒီနေရာမှာတော့ ဘာတွေဖြစ်ပြန်ပြီဆိုတဲ့ ကောလာ ဟလမျိုးတွေ နေ့တိုင်းကြားနေရတယ်။ အမှန်တကယ်က ဘာမှဖြစ်တာ မဟုတ်ဘဲ ဖြစ်အောင်လို့ကို လိုက်ဖွနေကြတာ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေကတော့ ဒီလိုအသံတွေ ကြားနေရပြီး အားလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ သွားရ၊ လာရ၊ ရောင်းရ၊ ၀ယ်ရတာ မဖြောင့်တော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလိုဝါဒဖြန့်တဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်...

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ဇီးကုန်းမြို့နယ်များတွင် ဘာသာရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် ကောလာဟလ များကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ပူပန် လျက် ရှိနေကြောင်း သိရသည်။ မေ ၃၀ ရက်တွင် ရွှေဘို မြို့၌ စိတ်ရောဂါဝေဒနာသည် သံဃာတော် တစ်ပါး မိမိကိုယ်မိမိ ဘရိတ်ဓားဖြင့် လည်ပင်းကိုလှီးကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခ ဖြစ် ပွားစေနိုင် သည့် ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ဇွန်လပထမပတ်တွင်လည်း အစ္စလာမ်ဘာသာဝင် များ နေထိုင်သည့် ရွှေဘိုမြို့နယ်၊ မြို့လှ၊ ကံသာကုန်း၊ တယ်ဖိုပင် အစရှိသော ကျေးရွာများ၌ ဗုံး၊ သေနတ်၊ လက်နက်များ တွေ့ရှိကြောင်း ကောလာဟလများ ဆက်တိုက်ပျံ့နှံ့လျက်ရှိသည်။

''မြို့ပေါ်ထက်ပိုပြီး အရေးကြီးတာက ကျေးရွာတွေပဲ။ အဲဒီဘက်မှာ လုံခြုံရေးထားရှိတာက ပိုပြီးထိရောက်လိမ့်မယ်။ အခုဆို တချို့ကျေးရွာတွေမှာ ည ၇ နာရီဆို ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ သတိရှိတာ ကောင်းပေမယ့် ဒီအခြေအနေက အသင့်ပြင်နေသလို အနေအထားတွေ ဖြစ်သွားမှာ စိုးရိမ်ရတယ်'' ဟု ရွှေခြင်္သေ့ ကျောင်းထိုင်ဆရာတော် ဦးတေဇက မိန့်ကြားသည်။

ဇွန် ၆ ရက်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ပဋိပက္ခများ ဖြစ်ပွားလိမ့်မည် ဟု ကောလာ ဟလများ ထွက်ပေါ်ခဲ့သောကြောင့် အောင်လံမြို့ပေါ်ရှိ စာသင်ကျောင်းများ ရှေ့သို့နံနက် ၉ နာရီ က ကျောင်းသားမိဘများနှင့် တုတ်လက်နက်များ ကိုင်ဆောင်ထားသော အနီးတစ်ဝိုက် ကျေးရွာများမှ လူအချို့ စုဝေးရောက်ရှိခဲ့ကြောင်း သိရသည်။ ''မြို့ပေါ်မှာ ဘာပြဿနာမှ မရှိသလို အားလုံးလည်း ပုံမှန်အနေအထားပဲ သွားလာနေကြပါတယ်၊ ကောလာဟလတွေကြားတော့ စမ်းကလေး၊ ပိတောက် ကုန်း၊ ရေပေါ်စတဲ့ ကျေးရွာတွေက ကျောင်းသားမိဘတွေနဲ့ ဒေသခံအချို့ တုတ်လက်နက်တွေကိုင်ပြီး မြို့ပေါ်ရောက်လာလို့ ကောလာဟလက ပိုကြီးသွားတာပါ။ ဒါပေမဲ့ ဒါကောလာဟလပဲ ဆိုတာ ကိုတော့ ကျောင်းသားမိဘတွေ အပါအ၀င် မြို့သူမြို့သားတွေက သတိရှိနေကြပါတယ်'' ဟု ရွာထောင် အထကခွဲကျောင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။ သို့သော် နာရီပိုင်းအတွင်း ပုံမှန် အခြေအနေ
ပြန်ဖြစ်ခဲ့ပြီး ကောလာဟလများ ပျံ့နှံ့နေချိန်တွင် အောင်လံမြို့ပေါ်ရှိ စာသင်ကျောင်းများအနီး တစ်ကျောင်းလျင် ရဲတပ်သား လေးဦးနှုန်းခန့် လုံခြုံရေးချထားခဲ့ပြီး လက်နက်ကိုင် လာရောက်သူများလည်း
ပြန်သွားကြကြောင်း သိရှိရသည်။

''ဟိုနေရာမှာတော့ ဘယ်လိုဖြစ်နေတယ်။ ဒီနေရာမှာတော့ ဘာတွေဖြစ်ပြန်ပြီဆိုတဲ့ ကောလာဟလ မျိုးတွေ နေ့တိုင်းကြားနေရတယ်။ အမှန်တကယ်က ဘာမှဖြစ်တာ မဟုတ်ဘဲ ဖြစ်အောင်လို့ကို လိုက်ဖွနေကြတာ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေကတော့ ဒီလိုအသံတွေ ကြားနေရပြီး အားလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ သွားရ၊ လာရ၊ ရောင်းရ၊ ၀ယ်ရတာ မဖြောင့်တော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလိုဝါဒဖြန့်တဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်'' ဟုစစ်ကိုင်းမြို့မှ ဒေသခံတစ်ဦးက သုံးသပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment