Thursday, June 27, 2013

ငွေလဲနှုန်း နှုန်းရှင်စနစ် သတ်မှတ်ပြီး ၁၄ လအတွင်း ပြင်ပငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၀၀၀ ၀န်းကျင် စံချိန်တင်မြင့်တက်

ငွေလဲနှုန်းကို နှုန်းရှင်စနစ် သတ်မှတ်ပြီး ၁၄ လကာလအတွင်း ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ
လျှင် ကျပ် ၁၀၀၀ ၀န်းကျင် စံချိန်တင် မြင့်တက်လာကြောင်း ငွေကြေးဈေးကွက် အသိုင်း အ၀ိုင်းထံမှ သိရသည်။
ဇွန် ၂၆ နံနက်ပိုင်း ပြင်ပငွေလဲနှုန်း အဖွင့်ဈေးတွင် အမေရိကန် တစ်ဒေါ်လာ ရောင်းဈေး ၉၉၈ ကျပ်၊ ၀ယ်ဈေး ၉၉၄ ကျပ်တွင် တည်ရှိနေပြီး ညနေ ၄ နာရီ အပိတ်ဈေးတွင် ရောင်းဈေးကျပ် ၁၀၀၀၊ ၀ယ်ဈေး ၉၉၆ ကျပ်တွင် ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၉ ကျပ် သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၅၆ ကျပ်၊ ရောင်းဈေး ၉၆၆ ကျပ်ခန့် ရှိနေသည်။
ဇွန် ၂၅ ရက် ပြင်ပငွေလဲနှုန်း အဖွင့်ဈေးတွင် အမေရိကန် တစ်ဒေါ်လာ ရောင်းဈေး ၉၈၇ ကျပ်၊ ၀ယ်ဈေး ၉၈၂ ကျပ်တွင် တည်ရှိနေခဲ့ပြီး ညနေ ၄ နာရီ အပိတ်ဈေးတွင် ရောင်းဈေး ၉၈၈ ကျပ်၊ ၀ယ်ဈေး ၉၈၃ ကျပ်တွင် ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၇ ကျပ် သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲ ကောင်တာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၅၄ကျပ် ၊ ရောင်းဈေး ၉၆၄ ကျပ်ခန့် ရှိနေသည်။
ဇွန်လဆန်းပိုင်းမှ ဇွန် ၂၆ ရက်အထိ သိမ်ဖြူငွေလဲကောင်တာ ဈေးနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ တန်ဖိုးမှာ ၈၄၈ ကျပ်မှ ၈၆၆ ကျပ် ၀န်းကျင်အထိ တက်လာခဲ့ပြီး ဗဟိုဘဏ်၏ ရည်ညွှန်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွင် ၈၄၅ ကျပ်မှ ၈၅၉ ကျပ်အထိ တက်လာခဲ့သည်။ ပြင်ပငွေလဲနှုန်းမှာ လဆန်းပိုင်းတွင် တရားဝင် ကောင်တာများ၏ ဈေးနှုန်းအောက် ၉၃၉ ကျပ်မှ စတင်ခဲ့သော်လည်း ဇွန် ၁၇ ရက် နောက်ပိုင်းတွင် သိသာစွာ ဈေးတက်လာခဲ့ခြင်း ဖြစ်သည်။

From...EMG

No comments:

Post a Comment