Thursday, June 27, 2013

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံပွဲ ရန်ကုန်မြို့၌ ယနေ့ကျင်းပမည်

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက်
သြ၀ါဒ ခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ယနေ့ (ဇွန် ၂၇ ရက်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန်၊ အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်ပြီး ယခုကဲ့သို့ သြ၀ါဒခံယူပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သြ၀ါဒ ခံယူပွဲသို့ နိုင်ငံတော် သြ၀ါဒါစရိယနှင့် သြဇာတိက္က မကြီးမားသော ဆရာတော်များ၊ စာသင် တိုက် ဆရာတော်များ၊ တိပိဋကတ် ဆရာတော်များ၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာ စရိယကျောင်းထိုင် ဆရာတော်များ ပါဝင်ဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန်၊ အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ပြီး ယခုကဲ့သို့ သြ၀ါဒခံယူပွဲ ကျင်းပ . . . . .
"သတင်းမီဒီယာ အားလုံးကို ဖိတ်ထားပါတယ်။ သတင်းမီဒီယာသမား အားလုံး တက်ခွင့်ရှိပါတယ်။ အစည်း အဝေးပြီးရင် ကြေညာချက် ထုတ်ပြန်သွားမှာပါ" ဟု သြ၀ါဒခံယူပွဲကျင်းပမှုနှင့်ပတ်သက်ပြီး သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသက မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နိုင်ငံတကာတွင် ဗုဒ္ဓဘာသာအပေါ် အထင်လွဲမှားမှုများ ရှိနေရာ ဗုဒ္ဓဘာသာအား ငြိမ်းချမ်းသည့် ဘာသာအဖြစ် ကမ္ဘာက သိစေရန်နှင့် ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်များ၌ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတ၀န် တောရဆေကိန္ဒာ ရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
နှစ်ရက်တာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲ အခမ်းအနား အပြီးတွင် အချက်ငါးချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု ခံထားရသည့် အားလျော် စွာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင် တို့သည်လည်း မည်သည့်ပဋိပက္ခမျိုးမျှ မဖြစ်စေလိုဘဲ ငြိမ်းအေးစွာ နေထိုင်လိုသူများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေ ထိုင်သော နိုင်ငံ သားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးမူကို ထောက်ခံကြောင်း ပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့သည်။

From..EMG

No comments:

Post a Comment