Tuesday, June 18, 2013

လာမည့် လွှတ်တော်အစည်းအဝေးတွင် တောင်သူလယ်သမား ၂၀၀ ခန့် သွားရောက်လေ့လာမည်

တောင်သူလယ်သမားများ ဗဟုသုတ ကြွယ်ဝစေရန်အတွက် ၂၆-၆-၂၀၁၃ ရက်တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ တောင်သူလယ်သမား ၂၀၀ ခန့် သွားရောက် လေ့လာ မည်ဖြစ်ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌဦးကျော်စွာစိုးက ၁၄-၆-၂၀၁၃
ရက်က ပြောသည်။ အဆိုပါ လေ့လာရေး ခရီးစဉ်ကို ပထမက မေလအတွင်း၌ စီစဉ်ထားသော်လည်း ဇွန်လကုန်တွင်သာ သွားရောက် လေ့လာဖြစ်နိုင်ရန် စီစဉ်ထားကြောင်း၊ လွှတ်တော်သို့ သွားရောက် လေ့ လာ ကြမည့် တောင်သူ လယ်သမားများကို ရွေးချယ်ရာတွင် အသက် ၃၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ သူများကို ရွေးချယ်ထားပြီး တောင်သူလယ်သမားများ၏ အကျိုးဆောင်ရွက်နိုင်သူ များသာ ရွေးချယ် ထားကာ ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်၍ အနိုင်ရရှိပြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာပါက မည်သည့် ကိစ္စရပ်များကို မည်သို့မည်ပုံ ပြုမူဆောင်ရွက်ရမည်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများက မည်ကဲ့သို့ ရှိသည်ကို သိစေချင်၍ ဤလေ့လာရေးခရီးစဉ်အား စီစဉ်ရခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
From...ခေတ်လူငယ်

No comments:

Post a Comment