Monday, June 3, 2013

"အမေရိကန် စင်တာက ကျောင်းသားတွေနဲ့ ဗလီဆရာ အမြင်ချင်းဖလှယ်"

မြန်မာနိုင်ငံက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အမေရိကန်စင်တာက သင်တန်းသား ၂၂ ဦး နဲ့ တာမွေမြို့နယ်က အစ္စလာမ် ဘာသာရေး ဝတ်ပြုကျောင်းတာဝန်ခံတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
အမေရိကန်စင်တာက iPACE ခေါ် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးရေး အဖွဲ့ တာဝန်ခံ ၂ ဦး အပါအ၀င် သင်တန်းသား ၂၂ ဦး နဲ့ အဲဒီ ဘာသာရေး ကျောင်း တာဝန်ခံတို့ ဆွေးနွေးခဲ့ကြတာတွေ ကို ဆွေးနွေးပွဲမှာပါဝင်တဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက် အဖွဲ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က အခုလို ပြောပါတယ်။

"အမေရိကန် စင်တာမှာ ကျောင်းတက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ၂၀ လောက်ကို တာမွေက ဂျာမေဗလီမှာ နှစ်ဖက် လူ့အဖွဲ့အစည်းကြားမှာ အမြင်မရှင်းတာတွေ၊နောက်ကွယ် က သွေးထိုးလှုံဆော်နေတာနဲ့ ပက်သက်လို့ ဂျာမေဗလီက ဆရာကြီးဦးတင်မြင့်က ရှင်းပြပါတယ်။

iPACE အဖွဲ့ဟာ လူ့အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာ အတူတကွ ငြိမ်းချမ်း စွာ နေ ထိုင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရပါတယ်။

ဒီအဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ ၊ ခရစ်ယာန်ဘာသာရေး ကျောင်းတွေကိုလည်း သွားရောက်လေ့လာဖို့ စီစဉ်ထားပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လဲ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို အမေရိကန်စင်တာ သင်တန်းသားတွေနဲ့ အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

No comments:

Post a Comment