Saturday, June 8, 2013

မန္တလေးတိုင်းဒေသကြီး အတွင်း၌ တရားဝင် စာရင်းများအရ တရုတ်နွယ်ဖွား ငါးသောင်းဝန်းကျင်၊ ဟိန္ဒူနှင့် မွတ်စလင် နှစ်သိန်းခန့်ရှိဟုဆို

မန္တလေးတိုင်းဒေသကြီး အတွင်း၌ အိမ်ထောင်စုဇယားရှိ တရုတ်နွယ်ဖွား ငါးသောင်း ၀န်းကျင်နှင့် ဟိန္ဒူနှင့်မွတ်စလင် နှစ်သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။


''မှတ်ပုံတင်ကတ်ထုတ်ပေးထားတဲ့ (ဧည့်နိုင်ငံသားနဲ့(ပြု)နိုင်ငံသား အရေအတွက်က အတိ အကျ ကောက် ယူနေ ဆဲပါ'' ဟု တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ခန့်မှန်းလူဦးရေ ၇၄ သိန်းခန့်ရှိကြောင်း သိရသည်။ လက်ရှိတွင် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် လျှောက်ထားသော ဧည့်/ပြု နိုင်ငံသားများလည်းရှိကြောင်းနှင့် အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ အိမ်ထောင်စုစာရင်းကို ပြုလုပ်ရသည်ဟု သိရသည်။

တရုတ်နွယ်ဖွားများ အနေဖြင့် မန္တလေးမြို့လယ် ဧရိယာများနှင့် ၇၈ လမ်း၊ ၇၃ လမ်း၊ ၂၆ လမ်းအပါအ၀င် အဓိကမိန်းလမ်းမကြီး အနီးတွင်အများစု နေထိုင်ကြပြီး၊ ဟိန္ဒူနှင့် မွတ်စလင်လူမျိုးများမှာ ဈေးချိုတော်အနီး တစ်ဝိုက်နှင့် ၃၅ လမ်းတစ်လျှောက်အပြင် မြို့တွင်းဧရိယာနေရာအများအပြား၌ တစ်စုတစ်စည်း တည်း ပေါင်းစုနေထိုင်ကြကြောင်း သိရသည်။

''ယူနန်ဘုံကျောင်းစာရင်းမှာ တရုတ်နွယ်ဖွား ခြောက်သောင်းကျော် ရှိတယ်လို့ ဆိုပေမယ့် မြို့ထဲမှာတင် သိန်းဂဏန်းကျော် ရှိနိုင်တယ်'' ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ''တရုတ်က မြို့ပေါ်ရပ်ကွက်တွေမှာပဲ နေကြတာ။ အိန္ဒိယနွယ် ဖွားတွေက မြို့ထဲမှာတင်ဆိုရင် တရုတ်က ပိုများနိုင်တယ်။ တစ်တိုင်းလုံး ဆိုရင်တော့ အိန္ဒိယနွယ်ဖွားက ပိုများနိုင်တယ်'' ဟု သုံးသပ်သည်။
Eleven Media Group

No comments:

Post a Comment