Saturday, June 8, 2013

မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှားရောက် မြန်မာများ တောင်းဆို

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေး ရှားရောက် မြန်မာများက ဇွန် ၆ ရက်က တောင်းဆိုခဲ့သည်။

မြန်မာလူမျိုးများအား အကာအကွယ် အပြည့်အ၀ပေးရန်အတွက် မလေးရှားဆိုင်ရာ မြန်မာသံရုံးရှေ့တွင် မလေးရှားရောက် မြန်မာများက ဇွန် ၆ ရက်တွင် ဆန္ဒပြရန် ပြုလုပ်ခဲ့သည်။ သို့သော် အဓိကရုဏ်များ ဖြစ် ပွားလာမည်ကိုစိုးရိမ်၍ မလေးရှားရဲများက ဆန္ဒပြခွင့်မပြုခဲ့ကြောင်း၊ လူငါး ဦးကိုသာ ၎င်းတို့ ပြောကြား လိုသည်များကို ပြောကြားခွင့် ပြုခဲ့ကြောင်း၊ ထို့နောက် မလေးရှားရဲချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မလေးရှားဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြလိုသူများက အချက်ခြောက်ချက်ပါ တောင်းဆိုစာကို မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးထံ ပေးပို့ခဲ့ကြောင်း၊ စာကို မြန်မာနိုင် ငံ နိုင်ငံတော် သမ္မတရုံး သို့ လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်းကောင်း၊ နိုင်ငံတကာသတင်းဌာနများသို့ လည်းကောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့သို့လည်းကောင်း၊ မလေးရှားရဲတပ်ဖွဲ့သို့ လည်းကောင်း အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုတောင်းဆိုစာတွင် ယနေ့အထိ မြန်မာနိုင်ငံသားများအား ကြိုတင်ကြံစည်ပြီး နေရာအနှံ့တွင် အကြောင်းမဲ့ ရန်ရှာသတ်ဖြတ်ခြင်းများနှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးတင်လတ်၊ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ စစ်သံမှူး၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာနဒုဝန်ကြီး ဦးရဲထွဋ်တို့၏ တရားဝင် ထုတ်ပြန်ချက်များသည် မှားယွင်းကြောင်းနှင့် လက်ရှိအခြေအနေမှန်ကို ထုတ်ပြန်ပေးရန် တညီတညွတ် တည်း တောင်းဆိုလိုက်သည်ဟု ဖော်ပြထားသည်။

ထို့နောက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က မှားယွင်းကြောင်း ၀န်ခံတောင်း ပန်ပေးရန်၊ မလေးရှားရောက် မြန်မာနိုင်ငံသားတို့အား ဥပဒေကြောင်းအရ ကာကွယ်ပေးရန်၊ မလေး ရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်အား ရာထူးမှ ရပ်ဆိုင်းပေး ရန်၊ သေဆုံးသူများ မည်သူမည်ဝါ ဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်ပေးရန်၊ ကျန်ရစ်သူ မိသားစုများအား ကူညီထောက်ပံ့ပေး ရန်၊ ဒဏ်ရာရရှိသောကြောင့် ဆေးရုံတွင် တက်ရောက်ကုသနေရသူများအား တရားဝင် ကျန်း မာရေးနှင့် ဆေးဝါးစောင့်ရှောက်မှု အပြည့်အ၀ပေးရန်၊ ယခုဖြစ်စဉ်မှ ထွက်ပြေးလွတ်မြောက် လာသူများ အား တရားဥပဒေကြောင်းအရ လုံခြုံမှု အပြည့်အ၀ ပေးရန်တို့လည်း ပါဝင်သည်။

Eleven Media Group

No comments:

Post a Comment